နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ ကနေဒါနိုင်ငံလွှတ်တော် ဒုဥက္ကဋ္ဌနှင့် အဖွဲ့အား တွေ့ဆုံဆွေးနွေး

ဧပြီလ ၂၉ရက်၊ ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သော အဆိုပါ အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးလူငယ်ရေးရာဝန်ကြီး ဒေါ်ဆူဇန်နာလှလှစိုး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ CRPH ဥပဒေရေးရာ ကော်မတီအဖွဲ့ဝင် ဒေါ်မြတ်သီတာထွန်းတို့ တက်ရောက်ခဲ့ကြပြီး ကနေဒါနိုင်ငံလွှတ်တော်ဘက်မှ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ကနေဒါမြန်မာပြည်ချစ်ကြည်ရေးအသင်း၏ ဥက္ကဋ္ဌလည်းဖြစ်သူ Mr. Bruce Staton အပါအဝင် အထက်လွှတ်တော် (Senate) နှင့် ပြည်သူ့လွှတ်တော် (House of Commons) မှ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၇ဦး တက်ရောက်ခဲ့ကြပြီး၊ ကနေဒါလွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ Mr. Tim Cormier၊ ယင်းအဖွဲ့၏ ဒါရိုက်တာအဖွဲ့ဝင် Mr. Ivo Balinov နှင့် မြန်မာပါလီမန်ဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ရေးကွန်ယက် (MPEN- Myanmar Parliamentary Engagement) အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ယခုဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်ကို ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ကြပါသည်။