နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဥရောပရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဥရောပရောက် မြန်မာနိုင်ငံသားများနှင့် မေလ၊ ၁၆ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံခြားရေးဝန်ကြီးမှ ဥရောပနိုင်ငံအသီးသီးသို့ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအား အမျိုးသားညီညွတ်ရေး အစိုးရနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ရှိဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်လည်း တက်ရောက်ခဲ့ပါသည်။