သြစတြေးလျ ပါလီမန်တွင် NUG ၏ သြစတြေးလျ နိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဆွေးနွေး

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်သည် သြစတြေးလျနိုင်ငံလွှတ်တော်၏ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ၂ ရပ်ပေါင်း၊မြန်မာမိတ်ဆွေများအဖွဲ့၏ ဖိတ်ကြားချက်အရ မြန်မာ့အရေး နှီးနှောဖလှယ်ပွဲတွင် အွန်လိုင်းမှ တက်ရောက်ဆွေးနွေးခဲ့သည်။

Senator Dean Smith နှင့် MP Peter Khalil တို့တက်ရောက်ဆွေးနွေးခဲ့သည့် အဆိုပါတွေ့ဆုံပွဲတွင် NUG ၏ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေက အမျိုးသား ညီညွတ်ရေး အစိုးရ၏ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဦးစားပေး အစီအစဉ်များကို တက်ရောက်လာသည့် အမတ်များ၊ မြန်မာ့အရေး စိတ်ဝင်စားသည့် အဖွဲ့များ၊ မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများမှ ပုဂ္ဂိိုလ်များအား ဆွေးနွေးရှင်းလင်းပြခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက်မြန်ပြည်သူများ၏ လှုပ်ရှားဆောင်ရွက်နေမှုများ၊ CRPH နှင့် NUG တို့၏ကြိုးပမ်းဆောင်ရွက်နေမှုများ၊ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးတို့အတွက် သြစတြေးလျ ပါလီမန်နှင့် အစိုးရအနေဖြင့် ကူညီပံ့ပိုးပေးနိုင်သည့် ကိစ္စရပ်များ အပေါ်လည်း ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။