ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများတွေ့ဆုံ ဆွေးနွေး

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးများ ကျင်းပနေဆဲ ကာလဖြစ်သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၃) ရက် ၊ ကြာသပတေးနေ့ကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet တို့သည် လတ်တလောမြန်မာ့နိုင်ငံရေး အခြေအနေများ၊ လူ့အခွင့်အရေးဆိုင်ရာအခြေအနေများ ၊ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအခြေအနေ များနှင့် COVID -19 ကာကွယ်ဆေး အကူအညီပေးရေး ဆိုင်ရာ အခြေအနေတို့ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ Mr. Kim W. Moy ( Senior Bureau Official for the Bureau of the East Asia)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ၊ လူအခွင့်အရေးဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုး တို့လည်း တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။