အမျိုးသားညီညွတ်ရေး အစိုးရ ယာယီသမ္မတ ဒူဝါလရှီလ ၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် တို့သည် အာဆီယံထိပ်သီး အစည်းအဝေးမတိုင်မီ အမေရိကန် သမ္မတ ၏ အမျိုးသားလုံခြုံရေး အကြံပေး Mr. Jake Sullivan နှင့် ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် အာဆီယံ သဘောတူညီချက်(၅) ချက်အပါအဝင် စစ်ကောင်စီ၏ တာဝန်ယူ တာဝန်ခံမှု နှင့်ပတ်သက်၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး နှင့် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းမှုများ ၊ လူသားချင်းစာနာထောက်ထားရေးအကူအညီများ ၊ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။