နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်မှ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် ခန့်အပ်ခြင်းအားကြိုဆိုကြောင်း သဝဏ်လွှာပေးပို့

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် Dr. Noeleen Heyzer အား ခန့်အပ်ခဲ့ခြင်းအပေါ် ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် မှ သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။ အဆိုပါသဝဏ်လွှာတွင် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် အတူပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသော ပြဿနာများအတွက် အတူပူးပေါင်းအဖြေရှာကြရန်စသည့်အချက်များပါဝင်ပါသည်။