နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး အမေရိကန်ဒုတိယနိုင်ငံခြား‌‌ရေးဝန်ကြီးနှင့် တွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန် နိုင်ငံခြား‌ရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဝင်ဒီရှားမန်း နှင့် မေလ ၁၂ ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးအနေနှင့် မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် လက်ရှိဆောင်ရွက်နေမှုများ၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ပါလာနိုင်ရေးအတွက် မြန်မာပြည်သူတို့၏ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားစွာ စွန့်လွှတ်အနစ်နာခံတော်လှန်ပေးဆပ်နေမှုများ၊ အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်ရေးချိုးဖောက်နေမှုများ စသည့်အချက်များကိုတင်ပြဆွေးနွေးပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စသည့်အချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ အမေရိကန်ပြည်ထောင်စုအနေနှင့် လည်း မြန်မာပြည်သူတို့၏ ရဲစွမ်းသတ္တိကိုချီးကျူးခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံခေါင်းဆောင်အများစုတို့သည် အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရက်များကိုပြစ်တင်ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

ကိုးကား – https://www.state.gov/the-deputy-secretarys-meeting-with…/
ဓာတ်ပုံ – အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်း၏ twitter စာမျက်နှာ