အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန် သမ္မတ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာတို့ တွေ့ဆုံဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန် သမ္မတ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ ရော့ဘာရှင်းစကီး – Rob Berschinski ( Special Assistance to the President- S. Director for Democracy & Human Rights) တို့အကြားတွေ့ဆုံဆွေးနွေးမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ လက်ရှိပြုလုပ်နေတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်း အဝေးရဲ့ လိုဂိုဒီဇိုင်းကို အမေရိကန် သမ္မတက မြန်မာအရေးကို ရည်ညွှန်းထားတဲ့ ဒီဇိုင်းကို အသုံးပြုခဲ့ပြီး မြန်မာ့အရေးကို ပေါ်လွင်အောင်ပြုလုပ်ခဲ့ တယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ ရော့ဘာရှင်းစကီးက ပြောကြားခဲ့ပါတယ်။

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးရဲ့ လိုဂိုဒီဇိုင်းက ရန်ကုန်မြို့ရဲ့ နာမည်ကျော် ကရဝိတ်ပုံကိုအသုံးပြုခဲ့ပြီး မြန်မာ့အရေးကို ပေါ်လွင်အောင်ပြုလုပ်ထားတာပါ။ ဒါအပြင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အမေရိကန်ပြည်ထောင်စုက အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေးအတွက်လည်း ဆက်လက်ဖိအားပေး လုပ်ဆောင်သွားမှာဖြစ်တယ်ဆိုတာနဲ့ မြန်မာပြည်သူတွေရဲ့ ရုန်းကန်လှုပ်ရှားမှုနဲ့ အတူရပ်တည်နေတယ်ဆိုပြီး ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိပြုလုပ်နေတဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် ခုံနေရာကို နေရာလွတ်အဖြစ် ထားရှိခဲ့ပေမယ့်လည်း မြန်မာ့အရေးကို အမေရိကန်အစိုးရရဲ့ ဦးစားပေးအဖြစ် ဆက်လက်လုပ်ဆောင်နေမှာဖြစ်တယ်လို့လည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ ရော့ဘာရှင်းစကီးက ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဘက်ကလည်း အမေရိကန်အစိုးကို လုပ်ဆောင်စေချင်တဲ့ ကိစ္စရပ်တွေ၊ အကြမ်း ဖက်မှုတွေနဲ့ မြေပြင်အခြေအနေတွေ အပါအဝင် စစ်ဘက်ဆိုင်ရာ လိုက်နာရမယ့် စည်းကမ်းတွေနဲ့ တရားစီ ရင်ရေး၊ ဒေသန္တရအုပ်ချုပ်ရေး စီမံထားရှိမှု အခြေအနေတွေ အပါအဝင် နိုင်ငံရေးဆိုင်ရာ တိုးတက်မှုဖြစ်စဉ်တွေကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆွေးနွေးခဲ့ပါတယ်။

Credit – Public Voice Television