မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးတို့ ဝါရှင်တန် ဒီစီမှာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်

မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဆိုင်ဖူဒင် အဗ္ဗဒူလာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမှာ မေ ၁၄ ရက် (ဒီနေ့)မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ မလေးရှားဝန်ကြီးချုပ် ဆိုင်ဖူဒင် အဗ္ဗဒူလာက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နောက်ဆုံးအခြေအနေတွေအပေါ် ဆွေးနွေးခဲ့တယ်ဆိုတာနဲ့ မြန်မာနိုင်ငံ ငြိမ်း ချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေးတို့အတွက် လုပ်ဆောင်ပေးဖို့ မလေးရှားနိုင်ငံက အသင့်ရှိတယ်ဆိုတဲ့ အချက်တွေကို ဆွေးနွေးခဲ့တယ်လို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်ဇင်မာအောင်ကလည်း မြန်မာဒုက္ခသည်တွေ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ ရင်ဆိုင်နေရတဲ့ စိန် ခေါ်မှုတွေအပေါ်မှာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။ အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ ဆုံမှုပြုလုပ်ဖို့ရှိပြီး အချို့က တရားဝင် သတင်းထုတ်ပြန်သလို တချို့ကလည်း သတင်းမထုတ်ပြန်ဘဲ တွေ့ဆုံဖို့ အစီ အစဉ်တွေရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားထားပါတယ်။ အလုပ်သဘောနဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်အနေနဲ့ အမေရိကန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဝင်ဒီရှားမန်း၊ သမ္မတဂျိုးဘိုင်ဒန်ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး၊ အာဆီယံဝန်ကြီးအချို့နဲ့ လူချင်းတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ် ထားပါတယ်။

Credit – Public Voice Television