နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အမေရိကန်အထက်လွှတ်တော်အမတ်ခေါင်းဆောင်တို့ အမေရိကန်လွှတ်တော်ရုံးတွင် တွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးတို့သည် အမေရိကန်အထက်လွှတ်တော်အမတ်ခေါင်းဆောင် မစ်ချ်မက်ကော်နယ် နှင့်မေလ ၁၇ ရက်နေ့က အမေရိကန် လွှတ်တော်ရုံးတွင် တွေ့ဆုံခဲ့ကြပါသည်။အဆိုပါတွေ့ဆုံမှုတွင် အကြမ်းဖက်စစ်ကောင်စီ၏ဖိနှိပ်ညှဉ်းပန်းမှုလုပ်ရက်များနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ပေါက်လာနိုင်ရေးအတွက်မြန်မာပြည်သူတို့၏ခုခံတွန်းလှန်နေမှုများ၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ဆက်လက် ထောက်ခံပံ့ပိုးရေး၊ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာမှ မြန်မာ့အရေး ဆက်လက် ကူညီမှုပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။