နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေး

ဓာတ်ပုံ – ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde ၏ Twitter account

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ann Linde နှင့် ဇွန်လ ၈ ရက်နေ့ က တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာ့ဒီမိုကရေအရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရန်ကိစ္စရပ်များ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် မြန်မာပြည်သူတို့၏စွန့်လွှတ်အနစ်နာခံ တော်လှန်ပေးဆပ်နေမှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေလျက်ရှိသော အကြမ်းဖက်လုပ်ရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ မြန်မာ့ဒီမိုကရေစီအရေးနှင့် မြန်မာပြည်သူတို့အား အားပေးထောက်ခံလျှက်ရှိကြောင်းကိုလည်း ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde ၏ Twitter စာမျက်နှာတွင်ရေးသားဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။