အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကိစ္စရပ်များစွာတွင် ထိရောက်စွာ ပူးပါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ နိုင်ငံအချို့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ ယခုအခါ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမြို့တွင် အမျိုးသား ညီညွတ်ရေး အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး (ဝါရှင်တန်ဒီစီ) ကို အောက်တိုဘာလ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ပြီး နိုင်ငံခြားရေးနှင့် သံတမန်ရေးဆိုင်ရာ ကိစ္စရပ်များကို ကြိုးပမ်း ဆောင်ရွက်လျှက်ရှိပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာန(ဝါရှင်တန်ဒီစီ)၏ Facebook စာမျက်နှာအား ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၁)မှစတင်၍ဖွင့်လှစ်အသုံးပြုနေပြီဖြစ်ကြောင်းအသိပေးအပ်ပါသည်။
Facebook Page: Ministry of Foreign Affairs_NUG_Washington, D.C
နိုင်ငံခြားရေးဝန်ကြီးဌာန(ဝါရှင်တန်ဒီစီ)
အမျိုးသားညီညွတ်ရေးအစိုးရ