မစ္စယန်ဟီးလီဦးဆောင်သော Special Advisory Council for Myanmar (SAC-M) အဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးတို့ ဝါရှင်တန် ဒီစီတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်

မစ္စယန်ဟီးလီဦးဆောင်သော Special Advisory Council for Myanmar (SAC-M) အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး (ဝါရှင်တန်ဒီစီ) သို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ မစ္စယန်ဟီးလီနှင့် အဖွဲ့အား အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် အဖွဲ့မှ ကြိုဆိုတွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန(ဝါရှင်တန်ဒီစီ)
အမျိုးသားညီညွတ်ရေးအစိုးရ