ကုလသမဂ္ဂ သံအမတ်

ဦးကျော်မိုးထွန်း

ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်အဖြစ် အောက်တိုဘာ ၂၀၊ ၂၀၂၀ မှစတင်၍ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

Geneva ရှိ နိုင်ံတကာအဖွဲ့စည်းများရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ၂၀၁၈ ကနေ ၂၀၂၀ ထိလည်းကောင်း၊ လက်နက်ဖျက်သိမ်းရေး ညီလာခံ ကိုယ်စားလှယ်၊ နိုင်ငံတကာ ကုန်သွယ်ရေးအဖွဲ့စည်းတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ Switzerland နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်၊ ဓာတုလက်နက်များ တားမြစ်ရေးတို့တွင် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်အသီးသီးများအား ထမ်းဆောင်ခဲ့ပါသည်။

၂၀၁၆ ကနေ ၂၀၁၈ အထိ မြန်မာ့နိုင်ငံခြားရေးဝန်ကြီးဌာနတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများအတွက်လဲ အထွေထွေ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၃ ကနေ ၂၀၁၅ အထိ များစွာသော အစိုးရနေရာ ရာထူးများကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါသည်။ ၎င်းရာထူးတွေကတော့ ရန်ကုန်နှင့် နေပြည်တော် တွင်သာမက အင်ဒိုနီးရှားနိုင်ငံ မြန်မာသံရုံး၊ စင်ကာပူနိုင်ငံ မြန်မာသံရုံး၊ ဆွစ်ဇာလန် နှင့် အမေရိကန်နိုင်ငံတွေရဲ့ အမြဲတမ်း mission အကောင်ထည်ရေးဆိုင်ရာတွေမှာ တာဝန်ရာထူး အသီးသီးယူခဲ့ပါသည်။

၁၉၆၉ ခုနှစ်မှာ မွေးဖွားခဲ့ပီး ရန်ကုန်တက္ကသိုလ်၌ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှင့် Bachelor ယူခဲ့ပီး နိုင်ငံတကာ ဂျပန် တက္ကသိုလ်တွင် စီးပွားရေးစီမံခန့်ခွဲမှုနှင့် Master ဘွဲ့ယူခဲ့ပါသည်။

အိမ်ထောင်ရှိပြီး ကလေး ၂ ယောက်လဲရှိပါသည်။

ဩစတေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်

ဒေါက်တာ ထွန်းအောင်ရွှေ
ဒေါက်တာ ထွန်းအောင်ရွှေကိုတော့ မန္တလေးမြို့မှာ မွေးဖွားခဲ့ပီး 1990 မှာတော့ ဆေးတက္ကသိုလ်(၁) ရန်ကုန်မှာ ဘွဲ့ရခဲ့ပီး 2005 ခုနှစ်မှာလဲ ရန်ကုန်စီးပွားရေး တက္ကသိုလ်မှာ ဘွဲ့ရခဲ့ပါတယ်. 1988 အရေးခင်းကာလမှာတော့ ဆေးကျောင်း နောက်ဆုံးနှစ် second semester ဖစ်ပီး တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပီး ဆေးတက္ကသိုလ် (၁) ရဲ့ကျောင်းသားသမဂ္ဂက ထုတ်ဝေတဲ့ သတင်းစာဆောင်တွေမှာလဲ များစွား ကူညီခဲ့ပါတယ်

ကချင်ပြည်နယ်မှာ ဆယ်နှစ်လောက် အထွေထွေကုသ ဆရာဝန်အဖြစ် အေးချမ်းစွာ ဖြတ်သန်းခဲ့ပီးနောက်ပိုင်းမှာတော့ လူသားခြင်းစာနာထောက်ပံ့ရေးကဏ္ဍတွေဘက် ကူးပြောင်းခဲ့ပီး ရောဂါ ထိန်းချုပ်ရေး ကျန်းမာရေး အသိပညာ ဗဟုသုတများ တိုးတက်ပြန့်ပွားရေးတို့အတွက် ဒေသတွင်းအကျိုးပြုလုပ်ငန်းများ ေဆာင်ရွက်ခဲ့ပါတယ်.

New South Wales တက္ကသုလ်မှာ လူမှုကျန်းမာရေးနဲ့ ကျန်းမာရေး စီမံခန့်ခွဲမှု တွဲဖက် master degree တန်း လေ့လာခဲ့ပီး လက်ရှိ ကာလမှာတော့ အားကစားကျန်းမာရေးနှင့်ဆက်စပ်ပီး ငြိမ်းချမ်းရေးဆောင်ရွက်မှုမှာ အကျိုးပြုဖြစ်ထွန်းပုံ အတူတကွ ရှင်တွဲနေထိုင်ရေး လူမှုရေးရာမှာ မည်သို့မည်ပုံ အကျိုးပြုနေတယ်ဆိုတဲ့ ဘာသာရပ်ကို လေ့လာနေပါတယ်. ၎င်းဘာသာရပ်ကို ပညာရပ်ဆိုင်ရာအရ Sports for Development and Peace Displine ( S4DP) လို့ခေါ်ပီး 2013 ခုနှစ်မှာတော့ လူမှုဖူလုံရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာနှင့်အတူ ၎င်း S4DP အတွေးအခေါ်ကို စတင်မိတ်ဆက်ခဲ့ပီး မြန်မာနိုင်ငံ လူမှုအတူတကွယှဥ်တွဲနေထိုင်ရေးရာ ဖွံ့ဖြိုးမှု ကဏ္ဍတွေမှာ အသုံးချဆောင်ရွက်ခဲ့ပါတယ်. ငြိမ်းချမ်းစွာ အတူတကွယှဥ်တွဲနေထိုင်ရေးဟာ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးရဲ့ ၄ ကြိမ်မြောက် ငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်ဆောင်ရွက်သူအားလုံး သဘောတူထားတဲ့ အဓိက အချက်တစ်ချက်ဖြစ်ခဲ့ပါတယ်.

February 1 ရက်နေ့ စစ်တပ် အာဏာစသိမ်းပီးကတည်းက Australia နိုင်ငံမှာ မြန်မာပြည်ရေးအတွက် ဒီမိုကရေစီလှုပ်ရှားမှုတွေ စတင်တက်ကြွစွာ လုပ်ရှားခဲ့ပါတယ်. Australia မှာရှိတဲ့ မြန်မာအဖွဲ့အစည်း ၇၃ ဖွဲ့နှင့်ပေါင်းစီးထားတဲ့ NUG/CRPH support group မှာ အဖွဲ့အစည်းတည်ထောင်သူတွေထဲက တစ်ယောက်အဖြစ် Austrlia နိုင်ငံအစိုးရ နှင့် လွှတ်တော်အဖွဲ့စည်းတွေကို မြန်မာ့ဒီမိုကရေစီအရေး လှုံ့ဆောင်နှိုးဆော်မှုတွေ လုပ်ဆောင်နေပါတယ်.

July 19 ရက်နေ့ 2021 မှာတော့ Australia နဲ့ မြန်မာ NUG ကြား လွှတ်တော်တွေကြား ပြည်သူတွေအချင်းချင်းကြား လှုပ်ရှားဆောင်ရွက်မှုတိုးတက်မှုတွေ ဖစ်ပေါ်စေဖို့ NUG ရဲ့ Australia ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ချက်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်

ဦးလင်းသန့်

ကိုယ်စားလှယ် လင်းသန့်ကို အညာဒေသတခုမှာ မွေးဖွား ခဲ့ပါသည်။ အာဏာရှင်ခေတ် ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်ပီး ဖျက်စီးခံခဲ့ရတဲ့ တိုင်းပြည်တစ်ပြည်မှာ ရှင်သန်ကြီးပြင်းခဲ့ပါသည်။ သူ့၏ ဗြိတိသျှ အဖိုးကတော့ သူ့ကို ခရစ်ယာန်ယဥ်ကျေးမှုနဲ့ နိုင်ငံရေးတွေကို သင်ပေးခဲ့ပါသည်။

အဘိုးဖြစ်သူက ခရစ်ယာန်ယဉ်ကျေးမှုကို သင်ကြားပေးခဲ့ပြီး ဖခင်ဖြစ်သူက နိုင်ငံရေးကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ ၈၄၊ ၈၅ ခုနှစ်မှ ၈၈ ခုနှစ်ထိ လေ့လာသင်ယူခဲ့ပါသည်။ ၁၉၈၈ တစ်နိုင်ငံလုံး အုံကြွတဲ့ လူထုဆန့်ကျင်ရေးဆန္ဒပြပွဲကြီးမှာတော့ ကျောင်းသားအဖွဲ့အစည်းရဲ့ ​ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်လာပါတယ်။ စစ်အာဏာရှင်လက်အောက် အဖမ်းမခံရအောင်ည​ကြိုးစားရှောင်တိမ်းနေခဲ့သော်လဲ အဖမ်းခံခဲ့ရပီး မကြာသေးခင်ပဲ ထောင်ချခံခဲ့ရကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ နှိပ်ဆက်တာကိုလဲ များစွာခံစားခဲ့ရပါသည်။ ၁၉၉၀ တံခါးပိတ် တရားခွင်တစ်ခုမှာ သူ့ကို စစ်အရှာရှိကြီး ၃ ဦးက စစ်တပ်တရားရုံးမှာ သေဒဏ်ချမှတ်ခံခဲ့ရပီး သေဒဏ်အပြစ်မပေးခင် ၃ နှစ်စောင့်ဆိုင်းခဲ့ရကာ နောက်ဆုံးမှာတော့ ထောက်ဒဏ် အနှစ် ၂၀ နဲ့ လျှော့ပေးခြင်းခံခဲ့ရပါသည်။ ၁၉၉၇ မတိုင်ခင်ထိ သူဟာ မီးအလင်းရောင်မရှိတဲ့ အကျဥ်းခံကျဥ်းကျဥ်းလေးထဲမှာ တိုက်ပိတ်ခံထားခဲ့ရပါတယ်. နောက်ပိုင်း သူ့ကို ထောင်ပြောင်းခဲ့ကာ ၂၀၀၈ ခုနှစ်ကုန်ပိုင်းမှာတော့ လွှတ်ပေးခဲ့ပါသည်။

ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနမှာ သတင်းထောက် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ်မှာတော့ Vaclav Havel ရဲ့ဖိတ်ကြားချက်အရ Forum 2000 Conference ကို တက်ရောက်ခဲ့ပါသည်။ သူဟာ ချက်သမ္မတ နိုင်ငံမှာ ခိုလှုံခွင့် ရခဲ့ပြီး ၂၀၁၄ ခုနှစ် ထိုင်းအာဏာသိမ်းမှု ဖြစ်စဉ်ပြီးထိ နေထိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ချက်သမ္မတနိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့သည်။ လက်ရှိကာလထိ စာသင်ကြားတဲ့ ဆရာအဖြစ်နေထိုင်နေပီး ဗမာ့ကော်ဖီလဲ ရောင်းနေပါသည်။
ဧပြီ ၂၄ မှာတော့ NUG ရဲ့ ချက်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်အဖြစ် တာဝန်ခံ့အပ်ခြင်းခံခဲ့ရပါသည်။ မေ ၂၄။ ၂၀၂၁ မှာတော့  ချက်နိုင်ငံရဲ့ နိုင်ငံခြားရေး ဒုဝန်ကြီး Martin Tlapa က ၄င်းကို ၂၀၁၅ ကတည်း နေပီး လက်ရှိထိ တက်ကြွလှုပ်ရှားသူအဖြစ်ရော NUG ရဲ့ ကိုယ်စားလှယ်အဖြစ်ရော ရွေးချယ်ခံခဲ့ရတယ့်အတွက် ဂုဏ်ပြုသဝန်လွှာ ပို့ပေးခဲ့ပါသည်။

ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်

ဒေါ်နန်းဆုမွန်အောင်

ဒေါ်နန်းဆုမွန်အောင်ကိုတော့ ၁၉၈၉ ခုနှစ် ကရင်ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ ကရင် ပအိုဝ်း နွယ်ဖွားပါ။ ၂၀၁၂ ခုနှစ်မှာ ဘားအံ တက္ကသိုလ်ကနေ Zoology သိပ္ပံဘာသာရပ်နဲ့ Master ဘွဲ့ရခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ပြင်သစ်နိုင်ငံ Sorbonne University မှာ သဘာဝပတ်ဝန်းကျင် သိပ္ပံပညာနဲ့ Master ကျောင်းမပီးခင်မှာလဲ ပြည်တွင်း အဖွဲ့အစည်းတွေကို စာသင်ပြခဲ့ပါသေးတယ်။

သူ့ရဲ့ အတွေ့ကြုံတွေကနေ မြန်မာပြည်သူတွေ လေ့လာသင်ယူနိုင်ဖို့ ( မြန်မာကျောင်းသားကျောင်းသူများအတွက် နိုင်ငံတကာ ပညာရေးအခွင့်အလမ်းများ) ဆိုတဲ့ Facebook page ကို ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့ပီး website ကိုလဲ ၂၀၁၉ ခုနှစ်မှာ စတင်တည်ထောင်ပေးခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာကျောင်းသူကျောင်းသားများအနေနဲ့ ဘယ်လို နိုင်ငံတကာ ပညာရေးအခွင့်အလမ်းတွေကို အခမဲ့ လျှောက်နိုင်တယ်ဆိုတာတွေရယ် ပညာရေးနဲ့ပတ်သက်ပြီး update ဖြစ်တဲ့ သတင်းအချက်အလက်တွေနဲ့ ပညာရေးနဲ့ ပတ်သက်ပြီး အကြံဥာဏ်တွေ ပေးချင်တဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အရှေ့တိုင်းဘာသာစကားနှင့် မြို့ပြဖွံ့ဖြိုးလာမှု အမျိုးသား တက္ကသိုလ်မှာ စာသင်နေပါတယ်။

နိုင်ငံရေးနောက်ခံ မရှိပေမယ့်လဲ သူမရဲ့ နိုင်ငံအတွက် အမြဲလိုအပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်တော့ ဒီမိုကရေစီဘက်ရပ်တည်တဲ့ အားတက်သရော ပံ့ပိုးထောက်ပံ့သူတစ်ယောက်ပါ။

ဒါကြောင့်မို့ ဖေဖော်ဝါရီ ၁ ရက်နေ့ ၂၀၁၂ ခုနှစ် အာဏာစသိမ်းပြီးကတည်းက ပြင်သစ်နိုင်ငံတဝန်းက ဗမာအသိုင်းအဝိုင်းများနှင့်အတူ နွေဦးတော်လှန်ရေး အောင်မြင်ရေးအတွက် တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ အဓိက ပါဝင်တဲ့ ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဆိုးပစ်တွေကို ခံရမယ့် မြန်မာပြည်သူတွေအတွက် လွတ်လပ်မှုကို ပြန်လည်ရရှိအောင် တိုင်းတစ်ပါးကနေ တာဝန်တစ်ရပ်အနေနဲ့ ဝန်းရံကူညီသွားချင်လို့ပါ။

ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်

စောဘလှသိန်း

ကိုယ်စားလှယ် စောဘလှသိန်း ကို ၁၉၆၉ ခုနှစ်တွင် အင်းစိန်မြို့၌ဖွားမြင်သည်။ သူသည် ၈၈၈၈ တော်လှန်ရေးမျိုးဆက် တစ်ဦးလည်းဖြစ်ပြီး အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသောအကျဉ်းသားဟောင်းများအား ကူညီထောက်ပံ့ပေးရေး လှုပ်ရှားမှုများပြုလုပ်ခဲ့သူတစ်ဦးလည်းဖြစ်သည်။သူသည် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် ခေါ် UNA ၏ အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် KNCD ဒီမိုကရက်တစ် ကရင်အမျိုးသားကွန်ဂရက် ၏အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

၁၉၉၂ ခုနှစ်တွင်ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့အခြေချခဲ့သည်။

(၁) ကရင်အမျိုးသား အဖွဲ့ချုပ် (ဂျပန်) KNL

(၂) ကရင် သတင်းအချက်အလက် ဌာန (ဂျပန်) KIS

(၃) ဂျပန်ရောက် ညီညွတ်သော တိုင်းရင်းသားမျာ အဖွဲ့အစည်း (Japan-UNA)

(၄) ဒုက္ခသည် အရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဂျပန် (RCCJ)

(၅) ငြိမ်းချမ်းရေး အတွက် အကျိုးအမြတ်မယူသော အဖွဲ့အစည်း (NPO Peace)

၂၀၂၀ ခုနှစ်တွင် မိုဟန် (Mohan Award) ချီးမြှင့်ခြင်းခံရသည်။

အမျိုးသားညီညွတ်ရေးအစိုးရမှ သူ့အား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာပြည် ကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ 

ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်

ဦးရန်နိုင်ထွန်း

ဦးရန်နိုင်ထွန်း အား ဖခင်ဦးမြင့်စိုး မိခင် ဒေါ်မြရီတို့ကနေပြီး 1970 ခုနှစ်တွင် ခရမ်းမြို့တွင် မွေးဖွားခဲ့ပါတယ်။ မွေးချင်း ၂ ယောက်ရှိပြီး ဒုတိယမြောက်သားဖြစ်ပါသည်။ 1988ခုနှစ် ပြည်လုံးကျွတ် တမျိုးသားလုံးဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီးနောက် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဘက်တွင် လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။ ထို့နောက် “ နေနှင်းနီ” ဟူသော အမည်ဝှက်ဖြင့် (မကသ/မကဒ) အထက်မြန်မာပြည်အတွင်းကျောင်းသားများ၏ ဆန္ဒပြလှုပ်ရှားမှုအဖွဲ့တွင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ပညာရေးနှင့်ပက်သက်ပြီး စီးပွားရေးတက္ကသိုလ် (ပထမနှစ်) အထိသာ သင်ကြားတက်ရောက်ခဲ့ပြီး နိုင်ငံရေးအခြေနေများကြောင့် ဆက်လက်တက်ရောက်နိုင်ခြင်းမရှိခဲ့ပါ။ မြန်မာ့ နိုင်ငံရေးနယ်ပယ်အတွင်းမှာပင် ဆက်လက်ကျင်လည်ရင်း 1989/1990 ထိ ထိုင်း-မြန်မာ နယ်စပ်မှာ လုပ်ကိုင်လှုပ်ရှားနေခဲ့ပြီး မြန်မာပြည်ပြန်ကာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ရန်ကုန်တိုင်း တာမွေမြို့နယ်၏ အတွင်းရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

1990 ခုနှစ် ဒီဇင်ဘာလတွင် ထိုင်း မြန်မာနယ်စပ်ကို ပြန်လည်ရောက်ရှိခဲ့ပြီး 1991 ခုနှစ် အောက်တိုဘာလတွင် ကိုရီးယားနိုင်ငံသို့ ရောက်ရှိခဲ့ကာ ကိုရီးယားနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ကို ရရှိခဲ့ပါသည်။ ကိုရီးယားနိုင်ငံအတွင်း NLD (LA) လွတ်မြောက်နယ်မြေကို စတင်ထူထောင်ခဲ့ပြီး မြန်မာ့ ဒီမိုကရေစီအရေးကို တက်ကြွစွာဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့ပါသည်။

2015 ခုနှစ်မှာတော့ NLD (LA) လွတ်မြောက်နယ်မြေမှ NLD နိုင်ငံတကာ စည်းရုံးရေး ကော်မတီအဖြစ် ပြောင်းလဲခဲ့ပြီးနောက် ဒု ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ရာမှ 2016 ခုနှစ်မှာ ဥက္ကဋ္ဌ ရာထူးကို ရွေးချယ်တင်မြှောက်ခြင်းခံရခဲ့ပါတယ်။

2006 ခုနှစ်တွင် နိုင်ငံတကာ မြန်မာ့ မီဒီယာ အသင်း(BMA)၏ အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့ပါတယ်။ မြန်မာပြည် ဒီမိုကရေစီ ရရေးနှင့်စစ်အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းရေးတို့မှာ တက်ကြွစွာပါဝင်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်မှ တရားမဝင် အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးတွင် ကိုရီးယားနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးမှ မြန်မာနိုင်ငံသားများနှင့် ဖွဲ့စည်းတည်ထောင်ခဲ့သည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား)တွင် ပူးတွဲ ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ကိုရီးယားရောက် မြန်မာ့ ဒီမိုကရေစီအရေးလှုပ်ရှားသူများ၏ ကွန်ရက်တွင် ထပ်ဆောင်း ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံခဲ့ရပါသည်။

မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ကိုရီးယား အစိုးရအဖွဲ့စည်းများ လွှတ်တော်အမတ်များ လူမှုရေးအဖွဲ့စည်းများနှင့် အတူစဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိနေပါသည်။

နော်ဝေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်

ဒေါက်တာမောင်မောင်မြင့်

ပုသိမ်မြို့တွင် မွေးဖွားခဲ့သည့် ဒေါက်တာမောင်မောင်မြင့်သည် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) မှ သွားဘက်ဆိုင်ရာဆရာဝန်ဘွဲ့ကို ရရှိခဲ့ပြီး၊ နောင်အခါတွင် နော်ဝေနိုင်ငံ၊ အော်စလိုတက္ကသိုလ်၊ သွားဘက်ဆိုင်ရာဌာနမှ ချီးမြှင့်သည့် Ph.D. ဘွဲ့ကို ရရှိခဲ့သည်။ သူသည် ၁၉၈၃ ခုနှစ်မှ စတင်၍ ယခုအထိ သွားဘက်ဆိုင်ရာဆရာဝန်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေပြီး၊ လက်ရှိကာလတွင် အော်စလိုမြို့ရှိ “ ရှားပါးရောဂါဆိုင်ရာ ခံတွင်းကျန်းမာရေး အမျိုးသားရင်းမြစ်စင်တာ” (National Resource Centre for Oral Health in Rare Medical Conditions) ၌ သွားဘက်ဆိုင်ရာပါရဂူအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

သူ၏ နိုင်ငံရေးနှင့် ဂျာနယ်လစ်သက်တမ်းသည် ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်း ပုသိမ်မြို့နယ် ကျောင်းသားသမဂ္ဂ ဥက္ကဌနှင့် ဒေါင်းဖန်ဝါစာစောင်၏ အယ်ဒီတာအဖြစ် ဆောင်ရွက်ခြင်းအားဖြင့် စတင်ခဲ့သည်။ သူသည် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ကို စတင်တည်ထောင်ရာတွင် ပါဝင်သူတဦး ဖြစ်ခဲ့ပြီး ၎င်းဌာနတွင် သတင်းအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုနောက် လွတ်လပ်သော မြန်မာ့အသံ (RFA) မြန်မာဌာန၏ သတင်းထောက်နှင့် အတိုင်ပင်ခံအယ်ဒီတာအဖြစ် တာဝန်ထမ်းခဲ့သည်။ ရှည်လျားသည့် ဂျာနယ်လစ်သက်တမ်းအတွင်း၌ သူသည် မြန်မာသတင်းသမဂ္ဂ၏ ဥက္ကဌအဖြစ်လည်းကောင်း၊ နယ်ခြားမဲ့သတင်းထောက်များအဖွဲ့၏ မြန်မာပြည်ဆိုင်ရာကိုယ်စားလှယ်နှင့် ဂျူရီအဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ဒေါက်တာမောင်မောင်မြင့်သည် နော်ဝေ-မြန်မာကော်မတီ၏ ဘုတ်အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သည်။ သူသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ နော်ဝေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း မခံရမီ အချိန်အထိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မီတီ ထောက်ကူပြုအဖွဲ့ (နော်ဝေ) ၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များ

ဦးမောင်မောင်အောင်

ဦးမောင်မောင်အောင်ကို 1966 ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်. သူက ဓာတုဗေဒ အထူးပြုဘာသာရပ်ဖြင့် 1986 ခုနှစ်မှာ ရန်ကုန်တက္ကသို်လ်ကနေ ဘွဲ့ရခဲ့ပါတယ်. သူကတော့ နိုင်ငံရေးနယ်ပယ်ထဲကို 1988 တစ်ပြည်လုံး ထကြွခဲ့ကြတဲ့ 88 တော်လှန်ရေးကနေ စပီး ဝင်ရောက်ခဲ့ပါတယ်. ဘွဲ့လွန်ဆက်လက်တက်ရောက်ရင်းလဲ သူက ထိုအချိန် စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူအဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်. 1988 မှာ ထူထောင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဟောင်းများသမဂ္ဂမှာလဲ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်. 1988 မှာ ဒီမိုကရက်တစ်ကျောင်းသားဟောင်းများပါတီမှာလဲ တွဲဖက်အတွင်းရေးမှူးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်. 1989 June လ ပါတီတွင်းအစည်းအဝေး အပီးမှာတော့ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်.

1990 အထွေထွေရွေးကောက်ပွဲ March လ 27 မှာတော့ ရန်ကုန်တိုင်းဒေသကြီး ပန်းပဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဖစ်လာခဲ့သော်လည်း ရာထူးကနေ ဖယ်ရှားခံခဲ့ရပီး အကျဥ်းချခံခဲ့ရပီး ၎င်းပါတီမှလဲ နှုတ်ထွက်ခိုင်းစေခဲ့ပါတယ်. ၎င်းပါတီလဲ နိုင်ငံတော်ငြိမ်ဝတ်ပိပြားရေး အစီအမံနဲ့ မတရားဖျက်သိမ်းခံခဲ့ရပါတယ်.

1993 ခုနှစ်မှာ အကျဥ်းထောင်မှ လွတ်မြောက်ခဲ့ပီး အာဏာရှင်ကိုဆန့်ကျင်တော်လှန်တဲ့ ဒီမိုကရေစီးအရေး တက်ကြွလှုပ်ရှားသူအဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်.

2009 ခုနှစ်မှာတော့ UK ကိုပြောင်းရွှေ့သွားခဲ့ပီး 2012 ခုနှစ်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို UK ကနေ ဆက်လပ်ဆောင်ရွက်ခဲ့ပါတယ်.

2021 February လမှာ တဖန် စစ်တပ်က အာဏာပြန်သိမ်းတုန်းကလဲ စစ်အာဏာရှင်ဆန့်ကျင်ရေးကို UK ကနေ ဦးဆောင်ပီး တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပါတယ်. September 2021 မှာတော့ NUG အစိုးရရဲ့ UK နိုင်ငံကိုယ်စားလှယ်အဖြစ်ရွေးချယ် ခန့်အပ်ခံခဲ့ပါတယ်.

လက်ရှိမှာတော့ ၎င်းရဲ့ ချစ်ခင်ရတဲ့ ဇနီး ဒေါ်မေနှင်းဦးရယ် သူ့ သား ၃ ယောက်ရယ် အတူတူ UK နိုင်ငံ Leeds မြို့မှာ နေထိုင်နေပါတယ်. သူဟာ လက်ရှိကာလအထိ NUG ကိုယ်စားလှယ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တိုက်ပွဲဝင်နေဆဲပါ။

ဒေါက်တာ သက်ကိုကို

ဒေါက်တာ သက်ကိုကို အား 1970 တစ်ပါတီ အာဏာရှင်စနစ်အောက်မှာ မွေးဖွားခဲ့ပါတယ်. 1988 ခုနှစ် ဒီမိုကရေစီအရေး လူထုအုံကြွ ဆန္ဒပြမှုတွေမှာလဲ သူရဲ့အဖွဲ့နဲ့အတူ ပါဝင်ခဲ့ပါတယ်. ပထမနှစ် ဆေးကျောင်းသားဘဝနှင့် ရန်ကုန်မြို့ပြရဲ့ လမ်းပေါ်က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာပါ. ထိုအချိန်ဟာ သူ့အတွက် စစ်အာဏာရှင်ဟာ ဘယ်လောက်ထိ ဆန့်ကျင်လှုပ်ရှားသူတွေကို ရက်စက်စွာဖိနှိပ်တယ်ဆိုတာကို ပထမဦးဆုံး တွေ့ဆုံကြုံခွင့်ရခဲ့တာပါ.

သူဟာ UK နိုင်ငံမှာ သူ့ရဲ့ ဆေးကျောင်းပညာရေးဆက်တက်ဖို့အတွက် 2000 ခုနှစ်မှာ ထွက်လာခဲ့ပါတယ်. သူကတော့ မွေးစားနိုင်ငံမှာ လွတ်လပ်ခြင်းနဲ့ အခွင့်အလမ်းကောင်းတွေကို ကောင်းစွာအသုံးချပီး ကျွမ်းကျင်ပညာရပ်ကို အဆုံးသတ်သင်ယူနိုင်ခဲ့ပါတယ်. သူသင်ယူခဲ့တာတွေကတော့ MBBS, MRCP (UK), MRCP (Endocrinology) နဲ့ FRCP ( Edin) တို့ဖြစ်ပါတယ်. လက်ရှိမှာတော့ သူဟာ UK အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှုမှာ အထူး အကြံပေးအနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်.

UK နိုင်ငံရောက်သွားတာ ဆယ်စုနှစ် ၂ ခုကြာရှိနေပီဖြစ်သော်လဲ မြန်မာ့ ဒီမိုကရေစီ အရေးအတွက်တော့ ဘယ်တော့မှ ပံံ့ပိုးမှုတွေ မရပ်တန့်သွားခဲ့ပါဘူး. မြန်မာပြည် အသွင်ကူးပြောင်းရေး ကာလဖြစ်တဲ့ 2012 ကနေ 2020 အတွင်းမှာလဲ UK က မြန်မာအသိုင်းအဝိုင်းတွေကြား မဲပေးရွေးချယ်ခြင်းဆိုင်ရာ လှုပ်ရှားမှုမျိုးတွေလဲ လုပ်ခဲ့ပါသေးတယ်. February ၁ ရက်နေ့ အာဏာစသိမ်းတုနး်ကလဲ စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါတယ်. နိုင်ငံရပ်ခြားက မြန်မာပြည်သူများ လူမှုကွန်ရက်ကိုလဲ ထူထောင်ခဲ့ပီး လက်ရှိထိ မြန်မာ့အရေးများကို အားပေးထောက်ခံ ရေးသားဆဲပါ. သူရဲ့ ဇွဲမလျှော့တဲ့ စိတ်ဓာတ်နဲ့ ရိုးသားမှုတို့ကြောင့် အဖွဲ့သားတွေရဲ့ ယုံကြည်မှုကို ထိုက်တန်စွာရရှိခဲ့ပီး 2021 ကနေစပီး NUG ရဲ့ UK နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်လက် ပါဝင်နေပါတယ်.