သံတမန်​ရေးရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြခြင်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်ရေးရာကိစ္စရပ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ဧပြီလ၊၂၀ရက်၊၂၀၂၁ ခုနှစ်နှင့် ဧပြီလ၊၂၁ရက်၊၂၀၂၁ ခုနှစ်​တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နိုင်ငံတကာ ဆက်ဆံရေးတာဝန်ခံ ဦးထင်လင်းအောင်တို့မှ အမျိုးသားညီညွတ်ရေး အစိုးရ၏ နိုင်ငံခြားရေးရာ ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

ယင်းရှင်းလင်းဆွေးနွေးပွဲကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံတမန်များနှင့် နိုင်ငံတကာ သံတမန် အသိုင်းအဝိုင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Scroll to Top