SCAM BALLOTS, SILENT NETWORKS
Keynote Address by H.E. Daw Zin Mar Aung at the Chin Youth Organization North America Convention 2025
FALSE PEACE: HOW MYANMAR’S MILITARY WEAPONIZES PEACEBUILDING FOR POWER, NOT FOR PEOPLE
- All
- Newsroom
- Press Release
- Special Issue
- Statements
- All
- Newsroom
- Press Release
- Special Issue
- Statements
Statement 4/2026
Statement 3/2026
Statement on the ASEAN Foreign Ministers’ Retreat and the Implementation of the Five-Point Consensus
ASEAN Stakeholder Engagement on Myanmar – 27 Jan 2026
Statement 1/2026
သတင်းထုတ်ပြန်ချက် – ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၁ရက်
Union Minister
Tweets @MFA_NUG
MFA Statement (5/2026) - 18 June 2026
Statement on Engagements with the Military Junta, New Investments, and Economic and Infrastructure-Related Agreements in Myanmar
International efforts to prioritize engagement with the junta will not contribute to resolving Myanmar’s crisis.
They risk emboldening the regime and exacerbating its continued campaign of violence and repression.
New economic and investment agreements concluded with the military junta may be subject to significant legal, financial and operational risks.
SCEF Diplomatic Briefing
SCEF met diplomats from 24 countries and international organizations on June 5 to discuss Myanmar’s political transformation, civilian protection, humanitarian access, and pathways toward an inclusive federal democratic future. #SCEF
Latest Activities
Adhering to the independent, active and non-aligned foreign policy, the Union aims to establish friendly relations with nations … Read more
The following guiding principles are stated in regards with the foreign affairs of the National Unity Government … Read more
To promote the legitimacy (de jure recognition) of the National Unity Government (NUG) and … Read more



Ambassador Kyaw Moe Tun, attended the "UN Charter’s 80th Anniversary" at the United Nations General Assembly, held on 26 June 2026
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ (၈၀) ပြည့်နှစ်မြောက်အခမ်းအနားသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ထပ်လောင်း ကတိကဝတ်ပြုသည့်အနေဖြင့် ပဋိညာဉ်စာတမ်း၏ နိဒါန်းပိုင်းပါရှိသော အထိမ်းအမှတ်ပိုစတာကို လက်မှတ်ရေးထိုးခဲ့ခြင်း
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်)
၁။ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ (၈၀) ပြည့်နှစ်မြောက်အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနား၌ ကုလသမဂ္ဂအထွေထွေညီလာခံသဘာပတိ H.E. Annalena Baerbock ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် H.E. António Guterres နှင့် လူငယ်ကိုယ်စားလှယ်တစ်ဦးတို့မှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြပြီး၊ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကာ မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။
၃။ အထွေထွေညီလာခံ သဘာပတိနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့က ကုလသမဂ္ဂပဋိညာဉ်စာတမ်းသည် ကမ္ဘာကြီးကို ဘေးအန္တရာယ်ထဲမှ ပိုမိုကောင်းမွန်သော ကမ္ဘာတည်ဆောက်ရန် သတ္တိဖြင့် မွေးဖွားလာခဲ့ပြီး ထိုလုပ်ငန်းသည် ပြီးဆုံးခြင်းမရှိသေးဘဲ မိမိတို့အနေဖြင့် အတူတကွ တစ်ညီတစ်ညွတ်တည်း ဆက်လက် ရင်ဆိုင်သွားရမည် ဖြစ်ပါကြောင်း၊ "အတူတကွ ပိုမိုကောင်းမွန်စွာ၊ ပဋိညာဉ်စာတမ်းတစ်ခုတည်း၊ အနာဂတ်တစ်ခုတည်း (Better together, One Charter, One future) ဖြင့် အတူတကွ ရင်ဆိုင်ကြမည်ဆိုပါက မိမိတို့အနေဖြင့် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းသည် လူသားများ၏ အံ့ဩဖွယ်ကောင်းသည့် အောင်မြင်မှုတစ်ရပ် ဖြစ်ပါကြောင်းတို့ကို အလေးပေးပြောကြားခဲ့ပါသည်။
၄။ အဆိုပါအခမ်းအနားမတိုင်မီရက်များက ကုလသမဂ္ဂအထွေထွေညီလာခံသဘာပတိ၊ အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ အမြဲတမ်းကိုယ်စားလှယ်/ ကိုယ်စားလှယ်များက ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ထပ်လောင်း ကတိကဝတ်ပြုသည့်အနေဖြင့် ပဋိညာဉ်စာတမ်း၏ နိဒါန်းပိုင်း ဖော်ပြပါရှိသော အထိမ်းအမှတ် ပိုစတာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုသို့ လက်မှတ်ရေးထိုးရာတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အမြဲတမ်းကိုယ်စားလှယ်များနှင့်အတူ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊
နယူးယောက်မြို့
Please visit the official website of Permanent Mission of Myanmar to the United Nations: www.myanmarmissionnewyork.org/post/ambassador-kyaw-moe-tun-attended-the-un-charter-s-80th-anniver... ... See MoreSee Less
"ဒီကနေ့ ကျမတို့ရဲ့ တိုက်ပွဲဟာ ဒီမိုကရေစီ ပြန်လည်ရရှိဖို့တင် မကပါဘူး။ တိုင်းရင်းသား လူမျိုးစုအားလုံးအကြား တန်းတူညီမျှမှု၊ တရားမျှတမှုနဲ့ အာဏာခွဲဝေမှုတို့အပေါ် အခြေခံထားတဲ့ မြန်မာနိုင်ငံသစ်တရပ်ကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေဟာ ကျမတို့ရဲ့ အင်အားဖြစ်စေမယ့် နိုင်ငံ၊ မည်သည့်လူ့အဖွဲ့အစည်းကိုမျှ နောက်ချန်မထားခဲ့မယ့် နိုင်ငံ၊နောင်လာနောက်သား မျိုးဆက်သစ်တွေ ကြောက်ရွံ့မှုကင်းကင်းနဲ့ ရှင်သန်နေထိုင် နိုင်မယ့် နိုင်ငံမျိုးကို တည်ဆောက်သွားမှာဖြစ်ပါတယ်။"
ဒေါ်ဇင်မာအောင်
ပြည်ထောင်စုဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
နော်ဝေနိုင်ငံ အောင်ဆန်းစုကြည်ပန်းခြံ၌ ကျင်းပပြုလုပ်သော “Free Political Prisoners” ကမ်ပိန်း တွင် ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်
#SpringRevolution
#PVTV
#QUOTES ... See MoreSee Less
ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံးထံကို ဒီသတင်းစကား ပါးချင်ပါတယ်။
* သင်တို့ကို ကျမတို့ မေ့မထားပါဘူး။
* ပြည်သူတွေဟာ သင်တို့နဲ့အတူ ရပ်တည်နေပါတယ်။
* ကမ္ဘာကြီးကလည်း သင်တို့နဲ့အတူ ရပ်တည်နေပါတယ်။
* ပြီးတော့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာတဲ့အထိ၊ တရားမျှတမှု ရရှိတဲ့အထိ၊ မြန်မာနိုင်ငံကို ပြည်သူ့ဆန္ဒနဲ့အညီ ပြန်လည်အုပ်ချုပ်နိုင်တဲ့အထိ ကျမတို့ဟာ ဒီတိုက်ပွဲကို ဆက်လက် ဆင်နွှဲသွားမှာ ဖြစ်ပါတယ်။
အဲဒီတာဝန်တွေအပေါ် ထားရှိတဲ့ ကတိကဝတ်ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကိုယ်စား ကျမက ထပ်လောင်း အတည်ပြုပါတယ်။
ဒေါ်ဇင်မာအောင်
ပြည်ထောင်စုဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
နော်ဝေနိုင်ငံ ဖရိုလန်မြို့ရှိ အောင်ဆန်းစုကြည် ပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့သော “Free Political Prisoners” အထူးကမ်ပိန်း တွင် ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက် ... See MoreSee Less
နော်ဝေနိုင်ငံ၊ ဖရိုလန်း(Froland) မြို့၊ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံတွင် ကျင်းပခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့ပွဲသို့ နိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခဲ့။
...........................
နော်ဝေနိုင်ငံ၊ ဖရိုလန်း(Froland) မြို့၊ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံတွင် ဒေါ်အောင်ဆန်းစုကြည် အထိမ်းအမှတ် ပန်းခြံကော်မတီနှင့် Myanmar (CRPH) Support Group (Norway) တို့က ဦးဆောင်ကျင်းပခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်(၈၁)နှစ်ပြည့်မွေးနေ့ပွဲသို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တက်ရောက်ခဲ့ပြီး ဂျာမဏီ၊ ဆွစ်ဇာလန်၊ စင်္ကာပူ၊ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊ ပြင်သစ်၊ ဖင်လန်၊ အင်္ဂလန်၊ အိန္ဒိယနဲ့ အီတလီ အစရှိသည့် ပြည်ပရောက် မြန်မာမိသားစုများနှင့်လည်း ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့ပါသည်။ ... See MoreSee Less
“ကျမတို့ရဲ့အင်အားက စုစည်းညီညွတ်မှုမှာရှိတာဖြစ်ပါတယ်။ ထို့အတူပဲ ကမ္ဘာအလယ်မှာ ဂုဏ်သိက္ခာ ရှိတဲ့တိုင်းပြည်တခုအဖြစ် ကျမတို့ပြန်လည်ရပ်တည်နိုင်ဖို့ဆိုတာက ကျမတို့တိုင်းပြည်မှာရှိတဲ့ မတူကွဲပြားခြားနားတဲ့ ဗမာအပါအဝင် လူမျိုးစုအားလုံးတန်းတူညီမျှမှုကို အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်မှု အဲ့ဒီ့တည်ဆောက်မှုကိုပဲ မတူညီမှုတွေကြားကနေ ရှာဖွေတည် ဆောက်ယူကြရမှာက ကျမတို့ရဲ့တူညီတဲ့ပန်းတိုင်ပဲဖြစ်ပါတယ်။”
ဒေါ်ဇင်မာအောင်
ပြည်ထောင်စုဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
မလေးရှားနိုင်ငံတွင်ကျင်းပသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့ပွဲတွင်ပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက်။ ... See MoreSee Less
နော်ဝေနိုင်ငံတွင် ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့ပွဲနှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဆန္ဒပြုပွဲ
နော်ဝေနိုင်ငံ ဖရိုလန်းမြို့ရှိ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးပန်းခြံတွင် နော်ဝေ၊ ဂျာမဏီ၊ ဆွစ်ဇာလန်၊ စင်္ကာပူ၊ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊ ပြင်သစ်၊ ဖင်လန်၊ အင်္ဂလန်၊ အိန္ဒိယနှင့် အီတလီနိုင်ငံတို့၌ နေထိုင်ကြသော မြန်မာနိုင်ငံဖွားများ ပူးပေါင်း၍ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်မြောက် မွေးနေ့ပွဲနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြုပွဲတို့ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၉ နှင့် ၂၀ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။
ဒေါ်အောင်ဆန်းစုကြည် အထိမ်းအမှတ် ပန်းခြံကော်မီတီနှင့် CRPH Support Group (Norway) အဖွဲ့တို့က ပူးတွဲစီစဉ်သည့် အဆိုပါ မွေးနေ့ပွဲ၏ ပထမနေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရည်စူး၍ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Kelley Anne Eckels-Currie, အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Albertina Soliani, နော်ဝေ ခရစ်ယာန်ဒီမိုကရက်ပါတီ ခေါင်းဆောင်နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဟောင်း Dag-Inge Ulstein နှင့် ၈၈ မျိုးဆက် ဒီမိုကရေစီခေါင်းဆောင် ဦးမင်းကိုနိုင်တို့က ပေးပို့လာသည့် ဗီဒီယိုသဝဏ်တို့ကို ပြသခဲ့သည်။
ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မြန်မာပြည်ဖွားများ၏ တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ကြသည်။ CRPH Support Group (Norway) ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်ဝတ်မှုန်ဝင်းက အခန်းအနားမှူးအဖြစ် ဆောင်ရွက်သည့် အဆိုပါ တွေ့ဆုံပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ နော်ဝေနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးမောင်မောင်မြင့်က ဒေါ်ဇင်မာအောင်၏ ဘဝမှတ်တမ်း အကျဉ်းချုပ်ကို ဖတ်ကြားခဲ့ပြီးနောက် ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေနှင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် နိုင်ငံတကာ၏ အားပေးထောက်ခံမှု၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးအတွက် ထားရှိအပ်သည့် ဇွဲနှင့် သန္နိဋ္ဌာန်တို့၏ အကြောင်းကို ရှင်းပြကာတက်ရောက်လာကြသူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါသည်။
ထိုအစီအစဉ်အပြီးတွင် အစီအစဉ်ကျင်းပရာ ခန်းမမှနေ၍ ဒေါ်အောင်ဆန်းစုကြည် အထိမ်းအမှတ် ပန်းခြံရှိရာသို့ မီးတုတ်နှင့် အလံများ ကိုင်ဆောင်၍ လမ်းလျှောက်ဆန္ဒပြပွဲတရပ်ကို ပြုလုပ်ခဲ့သည်။ ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ၏ နော်ဝေနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးမောင်မောင်မြင့်က နိဂုံးချုပ်စကား ပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
ဒုတိယနေ့၌ ဆက်လက်ပြုလုပ်သည့် အစီအစဉ်တွင် ပန်းခြံကော်မီတီနှင့် K'cho Ethnic Association (Europe) အဖွဲ့၏ ဥက္ကဋ္ဌ ဦးဂျွန်မန်းက အဖွင့်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဖရိုလန်း မြို့တော်ဝန် Inger-Lene Håland, အော်စလိုတက္ကသိုလ်မှ ပါမောက္ခ Kristian Stokke, အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့က မိန့်ခွန်းပြောကြားခဲ့သည့်အပြင်၊ ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (Kim Aris) ပေးပို့သည့် အသံဖိုင်ကို နားဆင်ခဲ့ကြပါသည်။ ဤပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံတကာရှိ မြန်မာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအတွက် ဆုတောင်းစကားများကို ပြောကြားခဲ့ပါသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့သီချင်း သီဆိုခြင်း၊ လွတ်လပ်မှုနှင့် တရားမျှတမှုအတွက် ၈၁ စက္ကန့် ငြိမ်သက်စွာ အလေးပြုခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆို ဆုတောင်းခြင်းနှင့် ၎င်းတို့အား ရည်စူး၍ ပန်းခက်များ ချပြီးနောက် သင်္ကေတသဘောဖြင့် ရေတွင် မျှောချခြင်း၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်ရန် သန္နိဋ္ဌာန်ပြုခြင်း၊ တော်လှန်ရေးအတွက် အားမာန်တက်စေမည့် တေးသီချင်းများကို သီဆိုခြင်း၊ တိုင်းရင်းသား ယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် အခန်းအနား တက်ရောက်သူများက ဒေါ်အောင်ဆန်းစုကြည်၏ ပုံကို ကိုင်ဆောင်ပုံဖော်နေစဉ်တွင် ကောင်းကင်ယံမှ ဒရုန်းဖြင့် ရိုက်ကူးထုတ်လွှင့်ခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ ဤအခန်းအနားတွင် ဒေါ်ဝတ်မှုန်ဝင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သည့် အပြင် အခမ်းအနား နိဂုံးချုပ်စကားကိုလည်း ပြောကြားခဲ့ပါသည်။
ဒုတိယနေ့ အစီအစဉ်တွင် အစားအသောက်နှင့် ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများ ရောင်းချကာနိုင်ငံရေးအကျဉ်းသားများနှင့် စစ်ဘေးရှောင်များအတွက် ရန်ပုံငွေ ရှာဖွေခဲ့ကြပါသည်။
www.facebook.com/share/p/1DJtNnGyfy/?mibextid=wwXIfr ... See MoreSee Less