Speech given by Foreign Minister H.E. Daw Zin Mar Aung at the Global Campaign
Speech given by Foreign Minister H.E. Daw Zin Mar Aung at the Global Campaign Read More »
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဥရောပရှိ မြန်မာ့အရေးတစိုက်မတ်မတ်ထောက်ခံသူများ နှင့်တွေ့ဆုံကာ မြန်မာပြည်တွင်းတွင် လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့် ပြည်ပနိုင်ငံများရှိ မြန်မာ့အရေး ထောက်ခံသူများမှ ပံ့ပိုးကူညီနိုင်မယ့်နည်းလမ်း များကို ဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဂျာမနီ၊ ပြင်သစ်၊ ယူကေ၊ ဆွီဒင်၊ နော်ဝေ၊ ဖင်လန်၊ နယ်သာလန်၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ ချက်သမ္မတနိုင်ငံ နှင့် စလိုဗက်ကီးယား နိုင်ငံများမှ မြန်မာအသိုင်းအဝိုင်းများ နှင့် မြန်မာ့အရေးစိတ်ပါဝင်စားသူများတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ချက်သမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ် ဦးလင်းသန့်လည်း အဆိုပါဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပါသည်။
U Linn Thant, the representative of the National Unity Government of the Republic of the Union of Myanmar to the Czech Republic, had a private discussion with Mrs Eliška Žigová, the Director of the Asia Pacific Department of Ministry of Foreign Affairs of the Czech Republic. This discussion was held at the Ministry of Foreign
အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ ချက်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်အား ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ရေးရာ ဌာနမှ ဒါရိုက်တာ Mrs. Eliška Žigová ကဖိတ်ကြား၍ မြန်မာ့အရေးကိစ္စများနှင့်စပ်လျဉ်းပြီး ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌ ယနေ့မနက်ပိုင်းက တွေ့ဆုံခဲ့ဆွေးနွေးကြသည်။ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်က လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ကိုဗစ်ကာကွယ်ဆေး အပါအဝင် လူသားချင်း စာနာထောက်ထားရေး ဆိုင်ရာ ပစ္စည်းများဆိုင်ရာ ချက်နိုင်ငံက အကူအညီပေးရေး ကိစ္စများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။ ချက်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှနှင့် ပစ္စဖိတ်ရေးရာ ဌာနမှ ဒါရိုက်တာ Mrs Eliška Žigová ကလည်း ချက်နိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောအခြေအနေများ၊ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်ထားရှိမှုကိစ္စများ၊ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အမျိုးသားညီညွတ်ရေးအစိုးရမှ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ နှင့် နိုင်ငံတကာမှကူညီဆောင်ရွက်ပေးနိုင်မည့်နည်းလမ်းများ၊ နှင့်စပ်လျဥ်းပြီးဆွေးနွေးခဲ့ကြပါသည်။