
12 April 2025
ထိုးစစ်ရပ်စဲထားတဲ့ကာလမှာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ ၊ စစ်ကြောင်းထိုး မှုတွေကို ပြုလုပ်နေတာကြောင့် နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ရေးယန္တရား (international monitoring mechanism) ထူထောင်ပေးရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကတိုက်တွန်း ပြောကြားလိုက်ပါသည်။
ကျမတို့ နိုင်ငံတကာကို တောင်းဆို တိုက်တွန်းလိုတာကတော့ ဒီလိုရပ်တန့်မှုတွေလုပ်နေတဲ့ ကာလမှာ monitoring ကောင်းကောင်းလုပ်ဖို့လို့လိုပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု တွေကို ထိုးစစ်ရပ်တာတွေကို အခွင့်ကောင်းယူပြီးတော့ ဒီကာလမှာ ဆက်လုပ်နေ တယ်ဆိုတာကတော့ တော်တော်လေးတော့ အဆင်မပြေတဲ့ ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာ အနေနဲ့ပေါ့ international monitoring mechanism လိုမျိုးကို ပူးပေါင်းဆောင်ရွက်မဲ့ ယန္တရားတစ်ခု ထူထောင်ပေးဖို့လည်း လိုအပ်မယ်ဆိုတာကိုတော့ ကျမ ဖြည့်စွက်ပြီးတော့ ဒီထိုးစစ်တွေရပ်မဲ့ ကြေညာ ချက်နဲ့အတူ ကျမတို့ နိုင်ငံတကာကို ထပ်လောင်းပြီးတော့ သတင်းစကား ပေးချင်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် Tweet