အမျိုးသားညီညွတ်ရေး အစိုးရ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်သည် ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်သို့ သွားရောက်ဆွေးနွေးပြောဆို

ချက်သမ္မတနိုင်ငံ အထက်လွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ ကာကွယ်ရေးနှင့်လုံခြုံရေး ကော်မတီ ဥက္ကဌ မစ္စတာပါဗဲလ်ဖစ်ရှာ (Senator Mr. Pavel Fisher) ၏ ဖိတ်ကြားမှုဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်သည် ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်သို့ မေလ ၁၃ ရက်နေ့က မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပျက်နေသော အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့သည်။

ချက်သမ္မတနိုင်ငံ အထက်လွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ ကာကွယ်ရေးနှင့်လုံခြုံရေး ကော်မတီ ဥက္ကဌ မစ္စတာပါဗဲလ်ဖစ်ရှာ (Senator Mr. Pavel Fisher) နှင့်လည်း သီးခြား တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ချက်သမ္မတနိုင်ငံဘက်မှ မြန်မာနိုင်ငံအား မည်သို့ အားပေးကူညီထောက်ပံ့မှုများ ပေးနိုင်ရေး အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်မှ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုအား ပြင်းထန်စွာ ရှုံ့ချပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH အား အသိအမှတ်ပြုကာ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ဆုံးဖြတ်ချက်အား ယခင်လက ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Scroll to Top