အမျိုးသားညီညွတ်​ရေး အစိုးရအဖွဲ့ နိုင်ငံခြား​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ​ဒေါ်ဇင်မာ​အောင်နှင့် စပိန်အထက်လွှတ်​တော်၊ ​အောက်လွှတ်​တော်အမတ်များ​ တွေ့ဆုံ

ပြည်​ထောင်စု သမ္မတ မြန်မာနိုင်ငံ​တော်၊ အမျိုးသားညီညွတ်​ရေး အစိုးရ အဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အတူ CRPH နိုင်ငံတကာ​ရေးရာ​ကော်မတီဝင် ​ဒေါ်မြတ်သီတာထွန်းတို့က စပိန်နိုင်ငံ Basque၊ Galicia နှင့် Catalonia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ ဥပဒေပြုလွှတ်တော်အမတ်များအား လက်ရှိ မြန်မာ့ရေးရာများနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းခဲ့ပါသည်။ ​တွေ့ဆုံပွဲတွင် အမျိုးသားညီညွတ်ရေး အစိုးရကို မည်သို့ ထောက်ခံအားပေး ကူညီနိုင်မည့်နည်းလမ်းများကို ပူးပေါင်းဆွေးနွေး အဖြေရှာခဲ့ကြပါသည်။

ယခုအစည်းအဝေးဖြစ်မြောက်​ရေး ကျင်းပပေးပါသော Basque ဥပဒေပြုအထက်လွှတ်တော်အမတ် Gorka Elejabarriera အား ကျွန်ုပ်တို့မှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။

Scroll to Top