Press Release

Ministry of Foreign Affairs of the National Unity Government

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်


၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်
  1. ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့်ပက်သက်သည့် တိုင်ကြားစာကိစ္စနှင့်စပ်လျဉ်း၍ ဌာနတွင်း စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်းကို ကနဦး ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
  2. ၂။ ဌာနတွင်း ကြားနာစစ်ဆေးမှုများ ပြုလုပ်နေစဉ် ကာလအတွင်း တိုင်ကြားခံရသူ (အိန္ဒိယ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက်ခင်) အား တာဝန်မှယာယီရပ်ဆိုင်းထားပြီး ဖြစ်သည်။
  3. ၃။ ယခုအခါ အဆိုပါဌာနတွင်း စစ်ဆေးကြားနာမှုအစီရင်ခံစာနှင့် ဆက်စပ်စာရွက်စာတမ်း များကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့မှ ကာကွယ်ခြင်းဆိုင်ရာ မူဝါဒအကောင်အထည်ဖော် ရေး ဗဟိုကော်မတီသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်းနှင့် ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြာင်း အသိပေးထုတ်ပြန်အပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Related posts

Scroll to Top