STATEMENTS

Ministry of Foreign Affairs of the National Unity Government

Republic of the Union of Myanmar
National Unity Government
Ministry of Foreign Affairs

Statement (17/2022)

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ စာပေးပို့ခဲ့ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

28 October 2022

၁။ အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် သည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဂျကာတာ၌ ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး နှင့်စပ်လျဥ်း၍ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး များထံ အောက်တိုဘာလ (၂၆) ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စား စာရေးသားပေးပို့ခဲ့ပါသည်။

၂။ အဆိုပါစာ၌ မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံ၏ မကြုံစဖူး ကြိုးပမ်းအား ထုတ်မှုများကို အသိအမှတ်ပြုကြောင်းဖေါ်ပြထားပြီး ၊ လွန်ခဲ့သည့် လပေါင်း နှစ်ဆယ် အတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရေး အတွက် အာဆီယံနှင့် လက်တွဲလုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေး အစိုးရ၏ ကတိကဝတ်ကို အကြိမ်ကြိမ် ထပ်လောင်းဖေါ်ပြခဲ့ပြီး ဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် အာဆီယံသဘောတူညီချက် (၅)ရပ်ကို ကို ကြိုဆိုပြီး အခွင့်အလမ်းပေးခဲ့သော်လည်း လပေါင်း ( ၂၀ ) ကြာမြင့်လာသည်အထိ တိုးတက်မှု မရှိခဲ့သည့်အတွက် အာဆီယံဘုံသဘောတူညီချက် (၅) ရပ် ကို ပြန်လည်သုံးသပ်ပြီး စွန့်လွှတ်ရန် လိုအပ် ကြောင်း ဖေါ်ပြပါရှိသည်။

၃။ လွန်ခဲ့သည့် ဧပြီလ ၂၄ ရက်၊ ၂၀၂၁ ခုနှစ် အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် အကြမ်းဖက် စစ်ခေါင်းဆောင် တက်ရောက် သဘောတူခဲ့သော်လည်း ၎င်းတို့ကို အကောင် အထည် ဖော်ရန် ရည်ရွယ်ချက်မရှိခဲ့ကြောင်း ၊ ပြီးခဲ့သည့်လ ၂၀ သည် အာဆီယံအပေါ် အကြမ်းဖက် စစ်အာဏာရှင် တို့၏ လျစ်လျူရှုမှုကို သက်သေပြခဲ့ခြင်းပင်ဖြစ်သည်။

၄။ လေကြောင်းမှ အကြမ်းဖက် တိုက်ခိုက်မှု ၊ဗုံးခွဲမှု၊ ခေါင်းဖြတ်သတ်ဖြတ်မှု၊ အပြစ်မဲ့အရပ်သားများ ဥပဒေမဲ့ သတ်ဖြတ်ခံရမှု၊ ဥပဒေမဲ့ဖမ်းဆီးမှု၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ နှင့် နိုင်ငံရေး အကျဉ်းသားများအားကွပ်မျက်မှုစသည့် ဖိနှိပ်မှုဒဏ်များအား ပြည်သူများအားလုံး ခံစားနေကြရ ကြောင်း ၊ စစ်အာဏာရှင်များသည် ပြည်ပနိုင်ငံသားများကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးချုပ်နှောင်ကာ နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု ပုံသဏ္ဍာန်ကို ထိရောက်မှုရရှိစေရန် ဓားစာခံအဖြစ် အသုံးချနေခြင်း ကိုလည်း လုပ်ဆောင်လျက်ရှိသည်။

၅။ အကြမ်းဖက်စစ်ကောင်စီသည် လေးနက်သောအာဆီယံမိတ်ဖက်ဖြစ်ရန် ပျက်ကွက်ခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံရှိ ပြည်သူအားလုံး၏ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆက်ဆံရန် အချိန်တန်ပြီ ဖြစ်သည်။

၆။ မြန်မာပြည်သူများ၏ ကြီးမားသောအတိဒုက္ခကို အသိအမှတ်ပြုရန် အာဆီယံသည် ရှေ့ခရီး အတွက် အလေးအနက် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပြီး ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ (ERO)၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (NLD)၊ ပြည်သူများ၏ အာဏာဖီဆန်ရေးလှုပ်ရှား မှုများမှ ကိုယ်စား လှယ်များ၊ ကြားဖြတ် ပြည်နယ်/ဖက်ဒရယ် ယူနစ်များကို ကိုယ်စားပြုသည့်ကော်မတီများနှင့် အရပ် ဘက် အဖွဲ့အစည်းများမှ ပြည်သူ့ကိုယ်စားလှယ်များကို အစုအဖွဲ့ဆိုင်ရာဆွေးနွေး ပွဲတစ်ခုကျင်း ပရန် လိုအပ်လျက်ရှိသည်။

၇။ အမျိုးသားညီညွတ်ရေးအစိုးရသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များ အ တွက် တရုတ်၊ အမေရိကန်၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဗြိတိန်နိုင်ငံတို့ကို ဖိတ်ကြား ခေါ်ယူ ကျင်းပ ရန် အာဆီယံနှင့် အာဆီယံ၏မိတ်ဆွေများကိုတောင်းဆိုလိုပါကြောင်း ၊ ( ASEAN Coordination Center for Humanitarian Assistance on Disaster Management) AHA စင်တာအား လူသားချင်း စာနာ ထောက်ထား မှုဆိုင်ရာ အကူအညီပေးရေးနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ ချဉ်းကပ်မှုများတွင် မိမိတို့ နှင့် ပွင့်လင်း စွာ ထိတွေ့ဆက်ဆံနိုင်စေရန် အာဆီယံအား တိုက်တွန်းထားသည်။

၉။ အကြမ်းဖက်စစ်ကောင်စီက အဆိုပြုထားသောရွေးကောက်ပွဲများနှင့် ပက်သက်၍ စစ်ကောင်စီ မှ ကျင်းပရန် အားထုတ်နေသည့် ရွေးကောက်ပွဲသည် အာဏာသိမ်းခြင်းကို တရား၀င်မှု အဖြစ် ဆောင်ရွက်ရန်ကြိုးပမ်းမှုလုပ်ငန်းစဉ်သာဖြစ်ပြီး လက်ရှိအနေအထားမှ ‘ထွက်ပေါက်နည်းဗျူဟာ’ တစ်မျိုးမျိုး ကို ပေးခြင်းမဟုတ်ပဲ မဲဆန္ဒရှင် ပြည်သူကလုံး၀လက်မခံနိုင်ကြောင်း ကို အာဆီယံ ခေါင်းဆောင် များ နားလည်ရန်အရေးကြီးကြောင်း ၊အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမ္မတ ဖြစ်လာရန်ကြိုးပမ်းမှုဗျူဟာသာဖြစ်ပြီး ပြည်သူများက လက်ခံ နိုင်ခြင်း မရှိသည့် စစ်အာဏာရှင် စနစ်အောက် မှ အခြားရွေးချယ်မည့် မည်သည့် သမ္မတကို မျှလည်း လက်ခံနိုင်မည် မဟုတ်ကြောင်းနှင့် မြန်မာစစ်တပ်သည် အင်စတီကျူးရှင်း တစ်ခုအနေဖြင့် အရပ်သား အစိုးရ လက်အောက်သို့ အပြည့်အဝ အသွင်ကူးပြောင်း ရန်လိုအပ်သည်။

၁၀။ အဓိကအားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ ကြာ စစ်အုပ်ချုပ်ရေးအတွက် ရော်ဘာတံဆိပ်တုံးတစ်ခုဖြစ်သည့် အဓိက ချို့ယွင်းချက် ဖြစ်ပြီး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကတိပေးထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ၂၀၂၀ ရွေးကောက်ပွဲ တွင် ပြည်သူများ က မဲပေးခဲ့ကြခြင်း ဖြစ်ကြောင်း ၊ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း ထားပြီး တိုင်းပြုပြည်ပြုညီလာခံ နှင့် ဖက်ဒရယ် ဒီမိုကရေစီဖွဲ့စည်း ပုံအခြေခံဥပဒေသစ် ပေါ်ပေါက်ရေး လမ်းပြမြေပုံကို အဆိုပြုဖေါ်ပြထားပြီးဖြစ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေး အစိုးရ ၏ စိုးရိမ် ချက် နှင့် အကြံပြုတောင်းဆိုချက်များကို လက်ခံစဥ်းစား ပေး နိုင် ပါရန်ဖေါ်ပြပါရှိကြောင်း သတင်း ထုတ်ပြန် အပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Ministry of Foreign Affairs
National Unity Government

Scroll to Top