မင်းအောင်လှိုင်အားနိုင်ငံ့ခေါင်းဆောင်ဟု တရုတ်သတင်းစာတွင်သုံး နှုန်းထားခြင်းအပေါ် NUGနိုင်ငံခြားရေးဝန်ကြီးမှ အလွန်အမင်းရှုံ့ချကြောင်း အိတ်ဖွင့်စာပေး
မင်းအောင်လှိုင်အား နိုင်ငံ့ခေါင်းဆောင်အဖြစ် သုံးနှုန်းထားခြင်းကို အလွန်အမင်းရှုံ့ချကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိထံသို့အိတ်ဖွင့်စာတစ်စောင်အား ပေးပို့ခဲ့ပါသည်။ အဆိုပါအိတ်ဖွင့်စာကို၂၀၂၁ခုနှစ် ၊ဇွန်လ ၊(၇)ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ တရုတ်-အာဆီယံ ဆက်ဆံရေး နှစ် (၃၀) ပြည့် အထိမ်းအမှတ်နေ့အတွက် နှုတ်ခွန်းဆက်သကြောင်း ပြောဆို၍ မကြာခင်ကျင်းပမည့် တရုတ်-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် လန်ကန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဝန်ကြီးများ အစည်းအဝေး (LMC) များ ကျင်းပမည်ကို သတိပြုမိပါကြောင်းတို့ဖြင့် အစပြု ပြောကြားထားပါသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်း လက်ရှိ အကျပ်အတည်းများဖြေရှင်းရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သည်ကို ကြိုဆိုပါကြောင်း၊ မင်းအောင်လှိုင်အား နိုင်ငံ့ခေါင်းဆောင် ဟုသုံးနှုန်းထားသည့် တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်ကို အလွန်အမင်းရှုံ့ချကြောင်း၊ တရုတ်-အာဆီယံ ဆက်ဆံရေး နှစ် (၃၀)ပြည့် […]





