အမျိုးသားညီညွတ်ရေး အစိုးရ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးသည် ဂျာမနီနိုင်ငံ ပါလီမန်ရှိ SPD ပါတီအစု၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနီးလ်စ်ရှမစ်ဒ်နှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
အမျိုးသားညီညွတ်ရေး အစိုးရ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးသည် ဂျာမနီနိုင်ငံပါလီမန်ရှိ SPD ပါတီအစု၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနီးလ်စ်ရှမစ်ဒ် (Foreign Policy Spokesman of the SPD Parliamentary Group in the German Parliament) နှင့် မေလ ၁၇ ရက်နေ့တွင် တွေ့ဆုံမှုပြုလုပ်ခဲ့၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ဂျာမနီပါလီမန်၊ SPD Parliamentary Group ၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနီးလ်စ်ရှမစ်ဒ်က ဂျာမဏီနိုင်ငံ၏ SPD ပါတီအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို လုံးဝ လက်မခံကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ NUG အား နိုင်ငံရေးအရ ကူညီထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူပြည်သားများနှင့်အတူ ရပ်တည်နေပါကြောင်း […]






