Uncategorized-my

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် ဂျာမနီနိုင်ငံ ဖက်ဒရယ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် ဂျာမနီနိုင်ငံ ဖက်ဒရယ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ယနေ့ ဧပြီလ၊ ၃၀ ရက်နေ့၊ ၂၀၂၁ ခုနှစ် ညနေပိုင်း (၃:၃၀) အချိန်တွင် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက လက်ရှိမြန်မာပြည်၏ အခြေအနေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၏ လုပ်ငန်းစဥ်နှင့် နိုင်ငံရေးလမ်းပြမြေပုံ၊ EU နိုင်ငံများရှိ CDM ဝန်ထမ်းများနှင့် ၄င်းတို့၏ မိသားစုများကို အကာအကွယ်ပေးရေးကိစ္စ၊ နယ်စပ်တလျှောက် တိမ်းရှောင်နေရသော စစ်ဘေးရှောင်ပြည်သူများအား အကူအညီပေးရေး ကိစ္စရပ်များ၊ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးကိစ္စနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။ ဂျာမနီ ဖက်ဒရယ် နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ ဥရောပသမဂ္ဂက […]

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် ဂျာမနီနိုင်ငံ ဖက်ဒရယ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ Read More »

အမျိုးသားညီညွတ်​ရေး အစိုးရ နိုင်ငံခြား​ရေးဝန်ကြီးဌာန ပုံမှန်အစည်း​အဝေး ကျင်းပခြင်း

ပြည်​ထောင်စု သမ္မတ မြန်မာနိုင်ငံ​တော်၊ အမျိုးသားညီညွတ်​ရေး အစိုးရ၊ နိုင်ငံခြား​ရေးဝန်ကြီးဌာန၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ ဧပြီလ၊ ၂၉ ရက်၊ ၂၀၂၁ ခုနှစ် ​နေ့လည် (၃:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။ အစည်းအ​ဝေးကို နိုင်ငံခြား​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ​ဒေါ်ဇင်မာ​အောင်၊ ဒုတိယဝန်ကြီး ဦးမိုး​ဇော်ဦးနှင့်တကွ တာဝန်ရှိသူများ တက်​ရောက်ကြပါသည်။ အစည်းအ​ဝေးတွင် ပြည်​ပရောက် CDM ဝန်ထမ်းများ၊ သံတမန်များကို အကာအကွယ်​ပေးနိုင်​ရေး ကိစ္စရပ်များ၊ နယ်စပ်တ​လျှောက် ပြင်းထန်လာ​သော တိုက်ပွဲများ​​ကြောင့် တိမ်း​ရှောင်​နေရ​သော မြန်မာနိုင်ငံသားများအ​ပေါ် သက်ဆိုင်ရာနိုင်ငံများက အကာအကွယ်​ပေး​ရေး ကိစ္စရပ်များအပြင် ​ရှေ့ဆက်လုပ်ဆောင်ရန် လုပ်ငန်းစဥ်များအကြောင်း​ ဆွေး​နွေးခဲ့ကြပါသည်။

အမျိုးသားညီညွတ်​ရေး အစိုးရ နိုင်ငံခြား​ရေးဝန်ကြီးဌာန ပုံမှန်အစည်း​အဝေး ကျင်းပခြင်း Read More »

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ ကနေဒါနိုင်ငံလွှတ်တော် ဒုဥက္ကဋ္ဌနှင့် အဖွဲ့အား တွေ့ဆုံဆွေးနွေး

ဧပြီလ ၂၉ရက်၊ ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သော အဆိုပါ အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးလူငယ်ရေးရာဝန်ကြီး ဒေါ်ဆူဇန်နာလှလှစိုး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ CRPH ဥပဒေရေးရာ ကော်မတီအဖွဲ့ဝင် ဒေါ်မြတ်သီတာထွန်းတို့ တက်ရောက်ခဲ့ကြပြီး ကနေဒါနိုင်ငံလွှတ်တော်ဘက်မှ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ကနေဒါမြန်မာပြည်ချစ်ကြည်ရေးအသင်း၏ ဥက္ကဋ္ဌလည်းဖြစ်သူ Mr. Bruce Staton အပါအဝင် အထက်လွှတ်တော် (Senate) နှင့် ပြည်သူ့လွှတ်တော် (House of Commons) မှ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၇ဦး တက်ရောက်ခဲ့ကြပြီး၊ ကနေဒါလွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ Mr. Tim Cormier၊ ယင်းအဖွဲ့၏ ဒါရိုက်တာအဖွဲ့ဝင် Mr. Ivo

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ ကနေဒါနိုင်ငံလွှတ်တော် ဒုဥက္ကဋ္ဌနှင့် အဖွဲ့အား တွေ့ဆုံဆွေးနွေး Read More »

သံတမန်​ရေးရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြခြင်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်ရေးရာကိစ္စရပ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ဧပြီလ၊၂၀ရက်၊၂၀၂၁ ခုနှစ်နှင့် ဧပြီလ၊၂၁ရက်၊၂၀၂၁ ခုနှစ်​တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နိုင်ငံတကာ ဆက်ဆံရေးတာဝန်ခံ ဦးထင်လင်းအောင်တို့မှ အမျိုးသားညီညွတ်ရေး အစိုးရ၏ နိုင်ငံခြားရေးရာ ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ယင်းရှင်းလင်းဆွေးနွေးပွဲကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံတမန်များနှင့် နိုင်ငံတကာ သံတမန် အသိုင်းအဝိုင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

သံတမန်​ရေးရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြခြင်း Read More »

Scroll to Top