Uncategorized-my

ကြေညာချက်အမှတ် ( ၁၁/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org ကြေညာချက်အမှတ် ( ၁၁/၂၀၂၁)၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက် ၁။ ချင်းပြည်နယ်၊ ထန်တလန်မြို့တွင်ရောက်ရှိအခြေပြုနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ယမန် နေ့ (၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့) နံနက်ပိုင်းတွင် မြို့ပေါ်ရှိဒေသခံပြည်သူများ၏နေအိမ်များကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ယနေ့နံနက် ၁၀ နာရီ အချိန်အထိ ဒေသခံပြည်သူများနှင့်လွှတ်တော်ကိုယ်စားလှယ်များထံမှသတင်းပေးပို့မှု ရရှိချက်အရ ခရစ်ယာန် ဘုရားကျောင်းနှင့် သာသနိကအဆောက်အဦးများအနည်းဆုံးသုံးခုအပါအဝင် လူနေအိမ် ၁၆၄ လုံးထက်မနည်း မီးလောင်ကျွမ်းပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ကနဦးသိရှိရခြင်းအတွက် များစွာတုန်လှုပ်ခြောက်ခြား ဖြစ်ရပါသည်။ ၂။ စစ်ကောင်စီတပ်ဖွဲ့သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ထန်တလန်မြို့ပေါ်ရှိ လူနေအိမ် များအား လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ်ပေါင်း ၂၀ […]

ကြေညာချက်အမှတ် ( ၁၁/၂၀၂၁) Read More »

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်မှ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် ခန့်အပ်ခြင်းအားကြိုဆိုကြောင်း သဝဏ်လွှာပေးပို့

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် Dr. Noeleen Heyzer အား ခန့်အပ်ခဲ့ခြင်းအပေါ် ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် မှ သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။ အဆိုပါသဝဏ်လွှာတွင် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် အတူပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသော ပြဿနာများအတွက် အတူပူးပေါင်းအဖြေရှာကြရန်စသည့်အချက်များပါဝင်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်မှ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် ခန့်အပ်ခြင်းအားကြိုဆိုကြောင်း သဝဏ်လွှာပေးပို့ Read More »

အမျိုးသားညီညွတ်ရေးအစိုးရ၏ အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဦးဘိုလှတင့်အား ခန့်အပ်တာဝန်ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည်၊ အာဆီယံအဖွဲ့ကြီးနှင့် ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် ဦးဘိုလှတင့် အား သံအမတ်ကြီးအဖြစ် အောက်တိုဘာလ ၂၄ ရက်နေ့ ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း သတင်းရရှိပါသည်။ ဦးဘိုလှတင့်သည် ၁၉၉၀ ခုနှစ်က ဒေါက်တာစိန်ဝင်းဦးဆောင်သည့် National Coalition Government of the Union of Burma (NCGUB) အစိုးရအဖွဲ့တွင် ဆောက်လုပ်ရေးဝန်ကြီး၊ သတ္တုတွင်းဝန်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းဦးဆောင်သည့် ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်အဖွဲ့တွင်လည်း ပါဝင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက် NCGUB အစိုးရအဖွဲ့ ၏ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ၂၀၁၂ ခုနှစ်အထိထမ်းဆောင်ခဲ့ပါသည်။ ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဦးဘိုလှတင့်အား ခန့်အပ်တာဝန်ပေးအပ် Read More »

အမျိုးသားညီညွတ်ရေး အစိုးရ နှင့် အမေရိကန် ပြည်ထောင်စု သမ္မတ ဂျိုးဘိုင်ဒင်၏ အမျိုးသားလုံခြုံရေး အကြံပေး တို့ အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မီ တွေ့ဆုံဆွေးနွေး

အမျိုးသားညီညွတ်ရေး အစိုးရ ယာယီသမ္မတ ဒူဝါလရှီလ ၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် တို့သည် အာဆီယံထိပ်သီး အစည်းအဝေးမတိုင်မီ အမေရိကန် သမ္မတ ၏ အမျိုးသားလုံခြုံရေး အကြံပေး Mr. Jake Sullivan နှင့် ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် အာဆီယံ သဘောတူညီချက်(၅) ချက်အပါအဝင် စစ်ကောင်စီ၏ တာဝန်ယူ တာဝန်ခံမှု နှင့်ပတ်သက်၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး နှင့် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းမှုများ ၊ လူသားချင်းစာနာထောက်ထားရေးအကူအညီများ ၊ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အမျိုးသားညီညွတ်ရေး အစိုးရ နှင့် အမေရိကန် ပြည်ထောင်စု သမ္မတ ဂျိုးဘိုင်ဒင်၏ အမျိုးသားလုံခြုံရေး အကြံပေး တို့ အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မီ တွေ့ဆုံဆွေးနွေး Read More »

၂၀၂၁ခုနှစ်၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး မိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၂၀၂၁ခုနှစ်၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး မိန့်ခွန်း(မြန်မာဘာသာပြန်) ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက် ဂုဏ်သရေရှိနိုင်ငံခေါင်းဆောင်များခင်ဗျာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ၂၀၂၁ ခုနှစ် အရှေ့ တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသူများအားလုံးကို ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။ မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းအုပ်စုကြောင့် ဖြစ်ပါ်လာသည့် အကျပ်အတည်းများကို ဖြေရှင်းရန် ဆက်လက် ကြိုးစားအားထုတ်မှုများအတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအပေါ် ကျေးဇူးတင်ရှိကြောင်း NUG အနေဖြင့် ပြောကြားလိုပါသည်။ ယခုကဲ့သို့ နိုင်ငံရေး၊ စီးပွားရေး၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းများက ဒေသတွင်း လုံခြုံရေးအပေါ် သာမက အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ၎င်းတို့၏ ပြည်သူလူထုအပေါ် ကြီးမားသော ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်နေပါသည်။

၂၀၂၁ခုနှစ်၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး မိန့်ခွန်း Read More »

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် သည် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ann Linde နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းရန်ကြိုးပမ်းခဲ့မှုကြောင့် ဖြစ်ပေါ်လာရသော အခက်အခဲအကြပ်အတည်းများ၊မြန်မာနိုင်ငံတွင်း ဒီမိုကရေအရေးလှုပ်ရှားမှုအခြေအနေများအကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်လည်း တက်ရောက်ခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေး Read More »

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများတွေ့ဆုံ ဆွေးနွေး

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးများ ကျင်းပနေဆဲ ကာလဖြစ်သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၃) ရက် ၊ ကြာသပတေးနေ့ကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet တို့သည် လတ်တလောမြန်မာ့နိုင်ငံရေး အခြေအနေများ၊ လူ့အခွင့်အရေးဆိုင်ရာအခြေအနေများ ၊ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအခြေအနေ များနှင့် COVID -19 ကာကွယ်ဆေး အကူအညီပေးရေး ဆိုင်ရာ အခြေအနေတို့ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ Mr. Kim W. Moy ( Senior Bureau Official for the Bureau of the

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများတွေ့ဆုံ ဆွေးနွေး Read More »

၂၀၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သော ဆိုးဝါးလှသော ရာဇဝတ်မှုများ လေးနှစ်ပြည့်နှစ်ပတ်လည်အတွက် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သော ဆိုးဝါးလှသော ရာဇဝတ်မှုများ လေးနှစ်ပြည့်နှစ်ပတ်လည်အတွက် ထုတ်ပြန်ကြေညာချက် သြဂုတ်လ (၂၄) ရက်။ ၂၀၂၁ ခုနှစ် လွန်ခဲ့သောလေးနှစ်ကာလက ဖြစ်ပွားခဲ့သည့် ရက်စက်ကြမ်းကြုတ်လှသော အကြမ်းဖက်မှုများ၊ ဆိုးဝါးလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နေရပ်ရင်းမှ လူအမြောက်အများ ပြောင်းရွှေ့ခဲ့ရမှုများကြောင့် ရိုဟင်ဂျာပြည်သူထောင်ပေါင်းများစွာတို့သည် နေအိမ်မှစွန့်ခွာခဲ့ရပြီး အိမ်နီးနားချင်းနိုင်ငံများတွင် ခိုလှုံနေခဲ့ရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အထူးစိတ်မကောင်းဖြစ်မိပါသည်။ ထိုသို့ဆိုးဝါးလှသည့်ရာဇဝတ်မှုများနှင့်ပတ်သက်၍ အဓိကတာဝန်ရှိသည့်စစ်တပ်သည် လူမျိုး၊ ဘာသာရေး၊ လိင်စိတ်ကွဲပြားမှု သို့မဟုတ် နိုင်ငံရေးယုံကြည်ချက်တို့အပေါ် အခြေခံ၍ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင်နေထိုင်ကြသောသူများကို လူသားမျိုးနွယ်တခုလုံးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ပွဲဆိုင်ရာရာဇဝတ်မှုများကိုလည်း ဆယ်စုနှစ်ပေါင်းများစွာ ကျုးလွန်ခဲ့ကြပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှစ၍ မြန်မာပြည်သူအားလုံးသည် ရက်စက်ကြမ်းကြုတ်လှသော ပြစ်မှုများနှင့် အကြမ်းဖက်မှုများကိုရင်ဆိုင်ကြုံတွေ့နေရကြောင်း

၂၀၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သော ဆိုးဝါးလှသော ရာဇဝတ်မှုများ လေးနှစ်ပြည့်နှစ်ပတ်လည်အတွက် ထုတ်ပြန်ကြေညာချက် Read More »

သြစတြေးလျ ပါလီမန်တွင် NUG ၏ သြစတြေးလျ နိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဆွေးနွေး

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်သည် သြစတြေးလျနိုင်ငံလွှတ်တော်၏ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ၂ ရပ်ပေါင်း၊မြန်မာမိတ်ဆွေများအဖွဲ့၏ ဖိတ်ကြားချက်အရ မြန်မာ့အရေး နှီးနှောဖလှယ်ပွဲတွင် အွန်လိုင်းမှ တက်ရောက်ဆွေးနွေးခဲ့သည်။ Senator Dean Smith နှင့် MP Peter Khalil တို့တက်ရောက်ဆွေးနွေးခဲ့သည့် အဆိုပါတွေ့ဆုံပွဲတွင် NUG ၏ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေက အမျိုးသား ညီညွတ်ရေး အစိုးရ၏ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဦးစားပေး အစီအစဉ်များကို တက်ရောက်လာသည့် အမတ်များ၊ မြန်မာ့အရေး စိတ်ဝင်စားသည့် အဖွဲ့များ၊ မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများမှ ပုဂ္ဂိိုလ်များအား ဆွေးနွေးရှင်းလင်းပြခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက်မြန်ပြည်သူများ၏ လှုပ်ရှားဆောင်ရွက်နေမှုများ၊ CRPH

သြစတြေးလျ ပါလီမန်တွင် NUG ၏ သြစတြေးလျ နိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဆွေးနွေး Read More »

ကမ္ဘာတစ်ဝှမ်းကျင်းပသော Global Campaign အတွက် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ ပြောကြားခဲ့သောမိန့်ခွန်း

ကမ္ဘာတစ်ဝှမ်းကျင်းပသော Global Campaign အတွက် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ ပြောကြားခဲ့သောမိန့်ခွန်း Read More »

Scroll to Top