Uncategorized-my

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဥရောပရှိ မြန်မာ့အရေး တစိုက်မတ်မတ်ထောက်ခံသူများနှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဥရောပရှိ မြန်မာ့အရေးတစိုက်မတ်မတ်ထောက်ခံသူများ နှင့်တွေ့ဆုံကာ မြန်မာပြည်တွင်းတွင် လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့် ပြည်ပနိုင်ငံများရှိ မြန်မာ့အရေး ထောက်ခံသူများမှ ပံ့ပိုးကူညီနိုင်မယ့်နည်းလမ်း များကို ဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဂျာမနီ၊ ပြင်သစ်၊ ယူကေ၊ ဆွီဒင်၊ နော်ဝေ၊ ဖင်လန်၊ နယ်သာလန်၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ ချက်သမ္မတနိုင်ငံ နှင့် စလိုဗက်ကီးယား နိုင်ငံများမှ မြန်မာအသိုင်းအဝိုင်းများ နှင့် မြန်မာ့အရေးစိတ်ပါဝင်စားသူများတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ချက်သမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ် ဦးလင်းသန့်လည်း အဆိုပါဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဥရောပရှိ မြန်မာ့အရေး တစိုက်မတ်မတ်ထောက်ခံသူများနှင့် တွေ့ဆုံဆွေးနွေး Read More »

ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်နှင့် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ရေးရာဌာနမှ ဒါရိုက်တာတို့တွေ့ဆုံ

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ ချက်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်အား ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ရေးရာ ဌာနမှ ဒါရိုက်တာ Mrs. Eliška Žigová ကဖိတ်ကြား၍ မြန်မာ့အရေးကိစ္စများနှင့်စပ်လျဉ်းပြီး ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌ ယနေ့မနက်ပိုင်းက တွေ့ဆုံခဲ့ဆွေးနွေးကြသည်။  မြန်မာကိုယ်စားလှယ် ဦးလင်းသန့်က လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ကိုဗစ်ကာကွယ်ဆေး အပါအဝင် လူသားချင်း စာနာထောက်ထားရေး ဆိုင်ရာ ပစ္စည်းများဆိုင်ရာ ချက်နိုင်ငံက အကူအညီပေးရေး ကိစ္စများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။  ချက်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှနှင့် ပစ္စဖိတ်ရေးရာ ဌာနမှ ဒါရိုက်တာ Mrs Eliška Žigová ကလည်း ချက်နိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီ

ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်နှင့် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ရေးရာဌာနမှ ဒါရိုက်တာတို့တွေ့ဆုံ Read More »

(၅၄) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ ပေးပို့ခဲ့သော သဝဏ်လွှာ

(၅၄) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ ပေးပို့ခဲ့သော သဝဏ်လွှာ Read More »

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် အမေရိကန်နိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောအခြေအနေများ၊ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်ထားရှိမှုကိစ္စများ၊ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အမျိုးသားညီညွတ်ရေးအစိုးရမှ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ နှင့် နိုင်ငံတကာမှကူညီဆောင်ရွက်ပေးနိုင်မည့်နည်းလမ်းများ၊ နှင့်စပ်လျဥ်းပြီးဆွေးနွေးခဲ့ကြပါသည်။

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် အမေရိကန်နိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေး Read More »

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြား‌ရေးဝန်ကြီးဌာန၏ ရက် (၁၀၀) ပြည့်လုပ်ငန်းအစီရင်ခံစာအား ပြည်သူလူထုသို့ တင်ပြခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြား‌ရေးဝန်ကြီးဌာန၏ ရက် (၁၀၀) ပြည့်လုပ်ငန်းအစီရင်ခံစာအား ပြည်သူလူထုသို့ တင်ပြခြင်း Read More »

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ လက်ရှိအကျဥ်းထောင်များအတွင်းဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်စပ်လျဥ်း၍ International Committee of the Red Cross (ICRC) သို့ပေးပို့ခဲ့သောစာ

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ လက်ရှိအကျဥ်းထောင်များအတွင်းဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်စပ်လျဥ်း၍ International Committee of the Red Cross (ICRC) သို့ပေးပို့ခဲ့သောစာ Read More »

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ ဗြိတိန်အစိုးရ၊ နိုင်ငံခြားရေး၊ ဓနသဟာရနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး H.E. Mr. Nigel Adams နှင့် တွေ့ဆုံဆွေးနွေး

အမျိုးသားညီညွှတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည်  ဗြိတိန်အစိုးရ၊ နိုင်ငံခြားရေး ၊ ဓနသဟာရ နှင့် နိုင်ငံတကာဖွံ့ဖြိုးရေး ဝန်ကြီး H.E. Mr. Nigel Adams နှင့် မြန်မာပြည်တွင်း ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေး အခြေအနေများ နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ ဗြိတိန်အစိုးရ၊ နိုင်ငံခြားရေး၊ ဓနသဟာရနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး H.E. Mr. Nigel Adams နှင့် တွေ့ဆုံဆွေးနွေး Read More »

ပြင်သစ်နိုင်ငံ အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီနှင့် NUG ဝန်ကြီးများ တွေ့ဆုံဆွေးနွေးရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး တက်ရောက်

ပြင်သစ်အထက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များ ဆိုင်ရာ ကော်မတီ (Senate Committee on Foreign Affairs, Defense and Armed Forces) ဥက္ကဋ္ဌ President Mr. Christian Cambon ၏ ဖိတ်ကြားမှုအရ ဇွန်လ (၃၀) ရက်နေ့တွင် ကျင်းပသည့် အဆိုပါကော်မတီ၏ အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသား ညီညွတ်ရေး အစိုးရမှ ဝန်ကြီးများ ဖြစ်သော ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဆာဆာနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပြင်သစ်အထက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လက်နက်ကိုင် တပ်ဖွဲ့များ ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ President

ပြင်သစ်နိုင်ငံ အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီနှင့် NUG ဝန်ကြီးများ တွေ့ဆုံဆွေးနွေးရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး တက်ရောက် Read More »

အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် စပိန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E Cristina Gallach တို့ တွေ့ဆုံဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် စပိန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  H.E Cristina Gallach တို့သည် လတ်တလော ဖြစ်ပေါ် ပြောင်းလဲလျက်ရှိသည့် မြန်မာနိုင်ငံရေး အခြေအနေများနှင့်ပက်သက်၍ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။  ထိုသို့ဆွေးနွေးရာတွင် – စပိန်အစိုးရအပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ စစ်ကောင်စီအား စီးပွါးရေးပိတ်ဆို့ဒဏ်ခတ် အရေးယူမှုဆိုင်ရာ အခြေအနေ ၊  အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) အား နိုင်ငံတကာမျက်နှာစာတွင် ထောက်ခံမှု ရရှိရေး အခြေအနေ ၊ စစ်ကောင်စီ ၏ ကချင်၊ ကရင်၊ ကယား၊ ချင်း ပြည်နယ် နှင့် စစ်ကိုင်းတိုင်းမကွေးတိုင်း ဒေသများအပါအဝင် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများ ၊ လူနေရပ်ကွက်များ အား အကြမ်းဖက် ဖျက်စီးမှုများ ၊

အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် စပိန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E Cristina Gallach တို့ တွေ့ဆုံဆွေးနွေး Read More »

မင်းအောင်လှိုင်အားနိုင်ငံ့ခေါင်းဆောင်ဟု တရုတ်သတင်းစာတွင်သုံး နှုန်းထားခြင်းအပေါ် NUGနိုင်ငံခြားရေးဝန်ကြီးမှ အလွန်အမင်းရှုံ့ချကြောင်း အိတ်ဖွင့်စာပေး

မင်းအောင်လှိုင်အား နိုင်ငံ့ခေါင်းဆောင်အဖြစ် သုံးနှုန်းထားခြင်းကို အလွန်အမင်းရှုံ့ချကြောင်း  အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီး  ဝမ်ယိထံသို့အိတ်ဖွင့်စာတစ်စောင်အား  ပေးပို့ခဲ့ပါသည်။ အဆိုပါအိတ်ဖွင့်စာကို၂၀၂၁ခုနှစ် ၊ဇွန်လ ၊(၇)ရက်နေ့တွင် နိုင်ငံ‌ခြားရေးဝန်ကြီး  ‌ဒေါ်ဇင်မာအောင်မှ တရုတ်-အာဆီယံ ဆက်ဆံရေး နှစ် (၃၀) ပြည့် အထိမ်းအမှတ်နေ့အတွက် နှုတ်ခွန်းဆက်သကြောင်း‌ ပြောဆို၍ မကြာခင်ကျင်းပမည့် တရုတ်-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် လန်ကန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဝန်ကြီးများ အစည်းအဝေး (LMC) များ ကျင်းပမည်ကို သတိပြုမိပါကြောင်းတို့ဖြင့် အစပြု ပြောကြားထားပါသည်။  ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်း လက်ရှိ အကျပ်အတည်းများဖြေရှင်းရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သည်ကို ကြိုဆိုပါကြောင်း၊ မင်းအောင်လှိုင်အား  နိုင်ငံ့ခေါင်းဆောင် ဟုသုံးနှုန်းထားသည့်  တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်ကို အလွန်အမင်းရှုံ့ချကြောင်း၊ တရုတ်-အာဆီယံ ဆက်ဆံရေး နှစ် (၃၀)ပြည့်

မင်းအောင်လှိုင်အားနိုင်ငံ့ခေါင်းဆောင်ဟု တရုတ်သတင်းစာတွင်သုံး နှုန်းထားခြင်းအပေါ် NUGနိုင်ငံခြားရေးဝန်ကြီးမှ အလွန်အမင်းရှုံ့ချကြောင်း အိတ်ဖွင့်စာပေး Read More »

Scroll to Top