ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ဧပြီလ၊ ၂၉ ရက်၊ ၂၀၂၁ ခုနှစ် နေ့လည် (၃:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့်တကွ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ပြည်ပရောက် CDM ဝန်ထမ်းများ၊ သံတမန်များကို အကာအကွယ်ပေးနိုင်ရေး ကိစ္စရပ်များ၊ နယ်စပ်တလျှောက် ပြင်းထန်လာသော တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသော မြန်မာနိုင်ငံသားများအပေါ် သက်ဆိုင်ရာနိုင်ငံများက အကာအကွယ်ပေးရေး ကိစ္စရပ်များအပြင် ရှေ့ဆက်လုပ်ဆောင်ရန် လုပ်ငန်းစဥ်များအကြောင်း ဆွေးနွေးခဲ့ကြပါသည်။


